တံတားဦးမြို့နယ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဒုတိယနေ့ အင်္ဂလိပ် ဘာသာ လာရောက်ဖြေဆိုသူ ကျောင်းသား ၊ ကျောင်းသူပေါင်း (၆၆၇)ဦး ဖြေဆို
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း (Grade – 12) စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်ဘာသာကို မတ်လ ၁၈ ရက်နေ့၊ နံနက် (၉) နာရီအချိန် က ဖြေဆို လျက်ရှိကြောင်းသိရသည် ။
အဆိုပါ တက္ကသိုလ်ဝင်တန်း (Grade – 12 ) စာမေးပွဲကို တံတားဦးမြို့နယ်တွင် စာစစ်ဌာနအနေဖြင့် အထက-တံတားဦးနှင့် ချောင်းခွစာစစ်ဌာနဟူ၍ နှစ်ခုရှိပါကြောင်း အထက-တံတားဦး စာစစ်ဌာနတွင် ဖြေဆိုရန် စာရင်း ပေးထားသူ ကျောင်းသား(၂၄၅)ဦး၊ ကျောင်းသူ(၂၄၆)ဦး၊ စုစုပေါင်း(၄၉၁)ဦး ရှိသော်လည်း၊ လာရောက်ဖြေဆိုသူ ကျောင်းသား(၂၃၂)ဦး ၊ ကျောင်းသူ(၂၃၈)ဦး ရာခိုင်နှုန်းအားဖြင့်(၉၅.၇၂) ရာခိုင်နှုန်းရှိပါကြောင်း၊ ထို့အပြင် ချောင်းခွ စာစစ်ဌာနတွင် ဖြေဆိုရန် စာရင်းပေးထားသူ ကျောင်းသား(၆၈)ဦး ၊ ကျောင်းသူ(၁၂၉)ဦး ၊ စုစုပေါင်း(၁၉၇)ဦး ရှိသော်လည်း ၊ လာရောက်ဖြေဆိုသူ ကျောင်းသား(၆၈)ဦး ၊ ကျောင်းသူ(၁၂၉)ဦး ရာခိုင်နှုန်းအားဖြင့်(၁၀၀.၀၀) ရာခိုင်နှုန်းရှိပါကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
ယင်းတက္ကသိုလ်ဝင်တန်း (Grade – 12) ဖြေဆိုရန် တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကို နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား ၊ ကျောင်းသူများအား လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကိုပါ တစ်ပါတည်း ဆောင်ရွက်ထားပါကြောင်း သိရသည်။
ဦးရဲတင့် ( ပြန်/ဆက်)
၀၉-၇၉၇၄၃၈၃၀၅