ပဋိဇီဝဆေးတစ်မျိုးကို အချိန်အဆလျှော့သုံးခြင်းဖြင့် ဆံပင်ကျွတ်ထွက်မှုများကို ကာကွယ်နိုင်ဖွယ်ရှိ

News Image

  • ပဋိဇီဝဆေးတစ်မျိုးကို အချိန်အဆလျှော့သုံးခြင်းဖြင့် ဆံပင်ကျွတ်ထွက်မှုများကို ကာကွယ်နိုင်ဖွယ်ရှိ

နယူးယောက် မတ် ၂၁

ပဋိဇီဝဆေးတစ်မျိုးကို အချိန်အဆလျှော့၍ သုံးစွဲခြင်းဖြင့် အရေပြားရောဂါတစ်မျိုးကြောင့် ဖြစ်ပွားတတ်သော ဆံပင်ကျွတ်ထွက်မှုများကို ကာကွယ်နိုင်ဖွယ်ရှိကြောင်း သုတေသန ပညာရှင်များက မတ် ၂၀ ရက်တွင် ပြောကြားသည်။

Doxycycline အမည်ရှိ အထက်ပါ ပဋိဇီဝဆေးသည် လူ့ခုခံအးစနစ်က ဆံပင်ဂလင်းအိတ်များကို တိုက်ခိုက်မှုကြောင့် ဖြစ်ပွားတတ်သည့် ဆံပင်ကျွတ်ထွက်မှုကို ကုသရာတွင် အသုံးပြုသော ဆေးတစ်မျိုးဖြစ်သည်။

သို့ရာတွင် ၎င်းဆေးကို ဆံပင်ကျွတ်ထွက်မှု ကာကွယ်ရေးအတွက် အသုံးပြုရာတွင် ဆေးအချိန်အဆမြှင့်တင်၍ သုံးစွဲရန်မလိုဘဲ ဆေးအချိန်အဆလျှော့၍ အသုံးပြုနိုင်ကြောင်း အမေရိကန်သုတေသန ပညာရှင်များကပြောကြားသည်။

အမေရိကန် သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ Doxycycline ဆေးကို နေ့စဉ် မီလီဂရမ် ၂၀ ခန့် နှစ်ကြိမ် သောက်သုံးမှုကဲ့သို့ပင် ဆံပင်ကျွတ်ထွက်မှုကို ထိရောက်စွာ တားဆီးနိုင်ကြောင်း သိရသည်။

Doxycycline ကိုဆေးအချိန်အဆလျှော့၍ သေက်သုံးနိုင်မှုသည် ဆေးအချိန်အဆမြင့်မားမှုကြောင့် ပေါ်ထွက်လာတတ်သော ဘေးထွက်ဆိုးကျိုးများကို ရှောင်ရှားနိုင်မည်ဖြစ်ကြောင်း အမေရိကန် သုတေသနပညာရှင်များက ပြောကြားသည်။

အမေရိကန်သုတေသနပညာရှင်များသည် Lymphotic Scarring Alopecia ခေါ် ဆံပင်ကျွတ်ထွက်မှုပြဿနာရှိနေသူ လူနာဦးရေ ၂၄၀ တို့ဖြင့် လက်တွေ့စမ်းသပ်မှုများပြုလုပ်ခဲ့ပြီးနောက် ၎င်းတို့၏ တွေ့ရှိချက်ကို တင်ပြခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

Source : ရတနာပုံသတင်းစာ

Photo: Health