ဖုန်းများအား အချိန်ကြာမြင့်စွာသုံးစွဲခြင်းကြောင့် သုံးစွဲသူများတွင် အိပ်စက်ချိန် မလုံလောက်သည့် အကျိုးသက်ရောက်မှုများရှိလာ

News Image

  • ဖုန်းများအား အချိန်ကြာမြင့်စွာသုံးစွဲခြင်းကြောင့် သုံးစွဲသူများတွင် အိပ်စက်ချိန် မလုံလောက် သည့် အကျိုးသက်ရောက်မှုများရှိလာ

ပေကျင်း   မတ် ၂၅

ယနေ့ခေတ်တွင် ဖုန်းများအား အချိန်ကြာမြင့်စွာ သုံးစွဲခြင်းကြောင့် သုံးစွဲသူများတွင် အိပ်စက်ချိန်မလုံလောက်သည့် အကျိုးသက်ရောက်ခြင်းများ ရှိလာကြောင်း တရုတ်ပညာရှင်များက ပြောကြားသည်။

တရုတ်နိုင်ငံမှ အရွယ်ရောက်သူ ၄၈ ဒသမ ၅ ရာခိုင်နှုန်းသည် ဖုန်းသုံးစွဲမှုကြောင့် အိပ်စက်ချိန်နည်းပါးသည့် ပြဿနာကို ရင်ဆိုင်နေရကြောင်း မကြာမီက ပြုလုပ်သည့်စစ်တမ်းအရ သိရသည်။

တရုတ်နိုင်ငံသားများအား ညအိပ်ရာမဝင်မီအချိန်တွင် ဖုန်းသုံးစွဲခြင်းနှင့် ဆိုရှယ်မီဒီယာများတွင် အချိန်ဖြုန်းခြင်းမှ ရှောင်ရှားကြရန် မတ် ၂၁ ရက်တွင် ကျရောက်သည့် ကမ္ဘာ့အိပ်စက်ခြင်းနေ့တွင် ပညာရှင်များက သတိပေးပြောကြားခဲ့သည်။ တစ်နေ့လျှင် သုံးနာရီကျော်မျှ ဆိုရှယ်မီဒီယာများ သုံးစွဲခြင်းသည် အိပ်စက်ခြင်းကို အနှောက်အယှက်ဖြစ်စေကြောင်း တရုတ်နိုင်ငံ အိပ်စက်ခြင်းဆိုင်ရာ သုတေသနအဖွဲ့နှင့် တရုတ်နိုင်ငံ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာတို့က ပူးတွဲဆောင်ရွက်သည့် လေ့လာမှုအရ သိရသည်။

ဆယ်ကျော်သက်များတွင် ဖုန်းအလွန်အကျွံသုံးစွဲမှုကြောင့် မှတ်ဉာဏ်များ ကျဆင်းလာကြောင်း ပညာရှင်တစ်ဦးက ပြောကြားသည်။ ဖုန်းမျက်နှာပြင်မှ ထုတ်လွှတ်သည့် အလင်းတန်းကြောင့် နှစ်ချိုက်စွာအိပ်ပျော်ခြင်းကို ဖြစ်စေသည့် မယ်လတိုနင်ဟုခေါ်သည့် ဟော်မုန်းကို ကျဆင်းစေကြောင်း သိရသည်။

Source: ကြေးမုံသတင်းစာ