စပိန်လာလီဂါပြိုင်ပွဲ၏ မတ်လတစ်လတာ အကောင်းဆုံးနည်းပြဆုကို ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်ရရှိ

News Image

  • စပိန်လာလီဂါပြိုင်ပွဲ၏ မတ်လတစ်လတာ အကောင်းဆုံးနည်းပြဆုကို ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်ရရှိ

ဘာစီလိုနာ  မတ် ၂၅

စပိန်လာလီဂါပြိုင်ပွဲ၏ မတ်လတစ်လတာအကောင်းဆုံးနည်းပြဆုကို ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်က ရရှိခဲ့ကြောင်း သိရသည်။

အသက် ၆၀ အရွယ် နည်းပြဟန်ဆီဖလစ်သည် ဘာစီလိုနာအသင်းကို စတင်တာဝန်ယူကိုင်တွယ်ခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ ပထမဆုံး ဘောလုံးရာသီတွင်ပင် ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင်ထားနိုင်သူဖြစ်သည်။

ဘာစီလိုနာအသင်းသည် မတ်လအတွင်းကစားခဲ့သည့် စပိန်လာလီဂါပွဲစဉ်များတွင် ရလဒ်ကောင်းများ ဆက်တိုက်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ဆိုစီဒက်စ်အသင်းနှင့် ပွဲစဉ်တွင် ၄ ဂိုး-ဂိုးမရှိ၊ အက်သလတ်တီကို အသင်းနှင့် ပွဲစဉ်တွင် ၄ ဂိုး-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ နှစ်ပွဲကစားရာတွင် နှစ်ပွဲစလုံးအနိုင်ရရှိပြီး ချန်ပီယံဆုအတွက် အရေးပါသည့် ပွဲစဉ်များတွင် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ပြီးနောက် နည်းပြဟန်ဆီဖလစ်သည် မတ်လတစ်လတာ အကောင်းဆုံးနည်းပြဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းသည် နောက်ဆုံးကစားခဲ့သည့် စပိန်လာလီဂါပြိုင်ပွဲတွင် ချန်ပီယံဆုအတွက် အားပြိုင်နေရသည့်အသင်းတစ်သင်းဖြစ်သော အက်သလက်တီကိုအသင်းနှင့် အဝေးကွင်း၌ သွားရောက်ကစားခဲ့ရာ ၄ ဂိုး-၂ ဂိုးဖြင့် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ပြီးနောက် အဆင့်(၂)နေရာမှ ရီးယဲလ်မက်ဒရစ်အသင်းထက် တစ်ပွဲလျော့ကစားထားပြီး ရမှတ်တူဖြင့် ထိပ်ဆုံးမှဦးဆောင်နေသကဲ့သို့ အဆင့် (၃) နေရာမှ အက်သလက်တီကိုအသင်းကို လေးမှတ်ဖြတ်တောက်ကာ ချန်ပီယံဆုအတွက် ရေပန်းစားလာကြောင်း သိရသည်။

Source: မြဝတီသတင်းစာ