ရိုးစင်းသောလမ်းလျှောက်လေ့ကျင့်ခန်းက ကိုယ်အလေးချိန်လျှော့ချရေးနှင့် အသက်ရှည်ရေးတို့ကို အကျိုးပြုနိုင်

News Image

  • ရိုးစင်းသောလမ်းလျှောက်လေ့ကျင့်ခန်းက ကိုယ်အလေးချိန်လျှော့ချရေးနှင့် အသက်ရှည်ရေး တို့ကို အကျိုးပြုနိုင်

တိုကျို  မတ် ၂၇

ရိုးစင်းသော လမ်းလျှောက်လေ့ကျင့်ခန်း ပုံစံတစ်မျိုးသည် ကိုယ်အလေးချိန် လျှော့ချရေးနှင့် အသက်ရှည်ရေးတို့ကို အကျိုးပြုနိုင်ကြောင်း သုတေသနပညာရှင်များက မတ် ၂၆ ရက်တွင် ပြောကြားသည်။

Interval Walking Training (IWT) ခေါ် အဆိုပါ လမ်းလျှောက်နည်းအရ  သုံးမိနစ် အနှေးလျှောက်ပြီးနောက် သုံးမိနစ်အမြန်လျှောက်ရမည်ဖြစ်ပြီ သုံးမိနစ်ကြာအနှေးလျှောက်မှု ထပ်မံပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။

IWT လမ်းလျှောက်နည်းပုံစံသည် အပြေးလေ့ကျင့်ရေးစက်ပေါ်၌ အပေးလေ့ကျင့်သည်ထက် ပို၍ ရောဂါဘယများ ဝင်ရောက်နိုင်ခြေ၊ သေချိန်မတန်ဘဲ သေဆုံးနိုင်ခြေကို လျှော့ချပေးနိုင်ကြောင်း ဂျပန် သုတေသနပညာရှင်များက ပြောကြားသည်။

သုံးမိနစ်ကြာ အနှေးလျှောက်ပြီးနောက် သုံးမိနစ်ကြာ အမြန်လျှောက်ခြင်းဖြင့် နှလုံးခုန်နှုန်း မြင့်တက်လာပြီး ကယ်လိုရီလောင်ကျွမ်းနိုင်စွမ်းလည်း မြင့်တက်လာကြောင်း ဂျပန်သုတေသနပညာရှင်များက ပြောကြားသည်။

IWT လမ်းလျှောက်လေ့ကျင့်ခန်းကို အနည်းဆုံး သီတင်းတစ်ပတ်လျှင် ငါးကြိမ်၊ တစ်ကြိမ်လျှင် ၂၄ မိနစ်ကြာ အချိန်ယူပြုလုပ်သင့်ကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။

ဂျပန် သုတေသနပညာရှင်များသည် IWT လမ်းလျှောက်နည်းကို သက်လတ်ပိုင်းနှင့် သက်ကြီးပိုင်း ၆၄၀၀ ကျော်တို့ဖြင့် လက်တွေ့စမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ