NATO စစ်လေယာဉ်များသည် မတ်လအတွင်း လစ်သူယေးနီးယား နယ်စပ်၌ ရုရှားစစ်လေယာဉ်များအား ၁၂ ကြိမ် အထိ လိုက်ပါစောင့်ကြပ်

News Image

  • NATO စစ်လေယာဉ်များသည် မတ်လအတွင်း လစ်သူယေးနီးယား နယ်စပ်၌ ရုရှားစစ်လေယာဉ်များအား ၁၂ ကြိမ် အထိ လိုက်ပါစောင့်ကြပ်

NATO စစ်လေယာဉ်များသည် မတ်လအတွင်း လစ်သူယေးနီးယားနယ်စပ်၌ ရုရှားစစ်လေယာဉ်များအား ၁၂ ကြိမ်အထိ လိုက်ပါစောင့်ကြပ်ခဲ့ပါသည်။ လစ်သူယေးနီးယားနိုင်ငံ Zokniai လေတပ်စခန်းတွင် အလှည့်ကျတာဝန်ထမ်းဆောင် နေသော NATO စစ်လေယာဉ်များသည် မတ်လအတွင်း ဘောလ်တစ်နိုင်ငံ၏လေပိုင်နက် နယ်နိမိတ်အနီးတွင် ရုရှားစစ်လေယာဉ်များအား ၁၂ ကြိမ် စောင့်ကြပ်လိုက်ပါခဲ့ကြောင်း လစ်သူယေးနီးယားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့ပါသည်။ လစ်သူယေးနီးယား ကာကွယ်ရေးဝန်ကြီးဌာန၏ဖော်ပြချက်အရ၊ ၎င်းတို့သည် တစ်ပတ်လျှင် ၃ ကြိမ်မှ ၅ ကြိမ်အထိ လေကြောင်းထိန်းသိမ်းမှုများ ပြုလုပ်ခဲ့ပါသည်။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်မှစတင်၍ အီတလီ လေတပ်၏ Eurofighter Typhoon စစ်လေယာဉ် ၄ စင်းနှင့် ပြင်သစ်၏ Rafale လေယာဉ် ၄ စင်း ပါဝင်သော တပ်ဖွဲ့များကို လစ်သူယေးနီးယားလေတပ်စခန်းတွင် အလှည့်ကျတပ်စွဲထားခဲ့သည်။ မတ်လ ၃၁ ရက်တွင် F-16 Fighting Falcon လေယာဉ် ၈ စင်းပါဝင်သော ပိုလန်နှင့် ရိုမေးနီးယား လေတပ်များက အဆိုပါတာဝန်ကို လွှဲပြောင်း ယူခဲ့ပါသည်။ ယခုနှစ် ဇန်နဝါရီလတွင် NATO တပ်ဖွဲ့များသည် ဘောလ်တစ်နိုင်ငံများ၏လေပိုင်နက်တွင် ထိုသို့ ထိန်းသိမ်းမှုကို ၁၁ ကြိမ်၊ ဖေဖော်ဝါရီလတွင် ၉ ကြိမ် ပြုလုပ်ခဲ့ပါသည်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကယ်လီနင် ဂရက်ဒေသသို့ ရုရှားစစ်လေယာဉ်များ ပျံသန်းမှုသည် အပြည်ပြည်ဆိုင်ရာ လေပိုင်နက်စည်းမျဉ်းများနှင့်အညီ ကြားခံ ရေပြင်ပေါ်မှသာ ပြုလုပ်ကြောင်း မကြာခဏ ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ကိုးကား-TASS