ကာ့စ်ခ် (Kursk) ဒေသ၏ နယ်မြေတစ်ခုလုံးကို မကြာမီကာလအတွင်း ရှင်းလင်းသုတ်သင်ပြီးဖြစ်မည်ဖြစ်ကြောင်း ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂေးရှိုးဂူက ကြေညာ

News Image

  • ကာ့စ်ခ် (Kursk) ဒေသ၏ နယ်မြေတစ်ခုလုံးကို မကြာမီကာလအတွင်း ရှင်းလင်းသုတ်သင်ပြီးဖြစ်မည်ဖြစ်ကြောင်း ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂေးရှိုးဂူက ကြေညာ

ကာ့စ်ခ်(Kursk)ဒေသ၌ ယူကရိန်းတိုက်ခိုက်ရေးသမားများကို ချေမှုန်းသုတ်သင်ခြင်းသည် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပါသည်။ မကြာမီကာလအတွင်း ထိုဒေသ၏နယ်မြေတစ်ခုလုံးကို ချေမှုန်းသုတ်သင်သွားမည်ဖြစ်ကြောင်း ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂေးရှိုးဂူ က TASS သတင်းဌာန နှင့်အင်တာဗျူးတွင် ပြောကြားခဲ့ပါသည်။ “အကြမ်းဖက် တိုက်ဖျက်ရေးစစ်ဆင်ရေး၏ မူဘောင်အတွင်း ကာ့စ်ခ်ဒေသရှိ တိုက်ခိုက်ရေး သမားများကို ချေမှုန်းသုတ်သင်ခြင်းသည် ပြီးဆုံးလုနီးပါးဖြစ်နေပြီ ဖြစ် ပါသည်။  မဟာဗျူဟာမြောက်ဓာတ်ငွေ့ပိုက်လိုင်း အူရင်ဂွိုင်း-ပိုမာရီ-ဥဇ်ဂိုရော့ဒ် အပိုင်းကို အသုံးပြုကာ ‘ပိုတော့’ စစ်ဆင်ရေးကို ထူးချွန်စွာ ဆောင်ရွက်ခဲ့ပါသည်။

ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူးက အထူးစစ်ဆင်ရေးဇုန်ရှိ အခြေအနေများသည် နိုင်ငံတကာနှင့် ရုရှားအတွင်းရှိအခြေအနေများကို အများဆုံးသက်ရောက်နေသည့် အဓိကအချက်ဖြစ်ကြောင်း မှတ်ချက်ပြု ခဲ့ပါသည်။ 

“ယနေ့အချိန်တွင် ရုရှားဖက်ဒရေးရှင်း၏ ကာကွယ်ရေးတပ်ဖွဲ့များသည် လူဂန့်ပြည်သူ့သမ္မတနိုင်ငံ၏ နယ်မြေ ၉၉% ကျော်နှင့် ခါဆွန်ဒေသ၊ ဒိုနက်ဇ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဇာပေါ်ရိုရှီယာဒေသ၏ သုံးပုံနှစ်ပုံခန့်ကို လွတ်မြောက်စေခဲ့ပြီးဖြစ်ပါသည်။ လက်ရှိတွင် ရုရှားတပ်ဖွဲ့များသည် တိုက်ခိုက်ရေးထိတွေ့မှုမျဉ်းတစ်ခုလုံးတွင် တက်ကြွစွာ ထိုးစစ်ဆင် တိုက်ခိုက် နေကြပြီး မြို့ရွာအသစ်များကို လွတ်မြောက်စေလျက်ရှိပါသည်။ “အခြေ အနေများသည် နေ့စဉ်မိမိတို့ဘက်သို့ အကျိုးရှိစေပြီး ပြောင်းလဲနေ ပါသည်” ဟု ၎င်းကဆက်လက်ပြောကြားခဲ့ပါသည်။

ယူကရိန်းနှင့် အခြားနိုင်ငံများမှ အကြမ်းဖက်သမားများက ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအပြင် ၎င်းတို့က ဖြစ်ပေါ်စေခဲ့သော ထိခိုက် ပျက်စီးမှုများကို ချက်ချင်းမှတ်တမ်းတင်ရန် အရေးကြီးကြောင်း ရုရှား လုံခြုံရေးကောင်စီအတွင်းရေးမှူးက အလေးအနက်ပြောကြားခဲ့ပါသည်။ “ကာ့စ်ခ်နယ်မြေတွင် တိုက်ခိုက်ရေးသမားများက ရက်စက် ကြမ်းကြုတ်စွာ ပြုလုပ်ခဲ့သော လုပ်ရပ်များကိုထောက်ရှု၍ မည်သူ့ကိုမျှ သက်ညှာခွင့် ပေးမည်မဟုတ်ပါ။ အသက်ရှင်ကျန်ရစ်သူများကို အကြမ်းဖက်သမားများအဖြစ် တရားစီရင်မည်ဖြစ်ပြီး ၎င်းတို့တစ်ဦးစီသည် ထိုက်တန်သော ပြစ်ဒဏ်ကို ခံယူရမည်ဖြစ်ပါသည်” ဟု  ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂေးရှိုးဂူက ကောက်ချက်ချပြောဆိုခဲ့သည်။

ကိုးကား - Tass