ဥရောပသည် စေ့စပ်ညှိနှိုင်းမှုကို မလိုလားဘဲစစ်ကိုသာ လိုလားနေကြောင်း ကရင်မလင်ပြောကြား

News Image

  • ဥရောပသည် စေ့စပ်ညှိနှိုင်းမှုကို မလိုလားဘဲစစ်ကိုသာ လိုလားနေကြောင်း ကရင်မလင်ပြောကြား

ဥရောပသည် စေ့စပ်ညှိနှိုင်းမှုကိုမဟုတ်ဘဲ စစ်ကိုသာလိုလားနေပါကြောင်း၊ လက်ရှိအချိန်အထိ ရုရှားနှင့် သဘောထားကိုက်ညီမှု မရှိပါကြောင်း ကရင်မလင်၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကိုဗ်က ပြင်သစ် သတင်းစာ Le Point ကို ပြောကြားလိုက်ပါသည်။ 

“ဥရောပက စစ်ကိုသာ လိုလားနေပြီး ညှိနှိုင်းမှုကို မလိုလားပါ။ မိမိတို့ဘက်ကလည်း ၎င်းတို့ကို အတင်းအကျပ် ဆွဲခေါ်ထားမည်မဟုတ်ပါ” ဟု ၎င်းက ဆိုသည်။ 

ဥရောပတစ်ခုလုံးသည် ဘိုင်ဒင်အစိုးရအတွက် အလုပ်လုပ်နေသကဲ့သို့ ဖြစ်နေပါကြောင်း၊ ဥရောပသည် အချုပ်အခြာအာဏာပိုင် မဟုတ်ဘဲ၊ဘိုင်ဒင်အစိုးရ၏ အမိန့်အတိုင်း လိုက်နာဆောင်ရွက်နေခြင်းသာ ဖြစ်ကြောင်း၊ ထို့အတူ သမ္မတတိုင်း၊ ဝန်ကြီးချုပ်တိုင်းသည် ဘိုင်ဒင်၏ အကြံပေးများ သဖွယ် ဖြစ်နေပါကြောင်း၊ ယခုအချိန်အထိ ဝါရှင်တန်ကသာ အဓိက အခန်းကဏ္ဍမှဝင်နေပါကြောင်း ပက်စကိုဗ်က ထောက်ပြထားပါသည်။ 

ကိုးကား- ကရင်မလင်

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃