ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူနေသည့် ထိုင်းရောက် မြန်မာနိုင်ငံသားများထံသို့ ဗိုလ်ချုပ်ကြီးမိုးအောင် သွားရောက် ကြည့်ရှုအားပေး

News Image

  • ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူနေသည့် ထိုင်းရောက် မြန်မာနိုင်ငံသားများထံသို့ ဗိုလ်ချုပ်ကြီးမိုးအောင် သွားရောက် ကြည့်ရှုအားပေး

ပြီးခဲ့သည့် မြန်မာ့ငလျင်နှင့်အတူ ထိုင်းနိုင်ငံ၌ပါ လှုပ်ခတ်ခဲ့သည့် ငလျင် အတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံတက်ရောက်၍ ဆေးဝါး ကုသမှု ခံယူနေရသည့် ထိုင်းရောက် မြန်မာနိုင်ငံသားများထံသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) ၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမိုးအောင် သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) ၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမိုးအောင် သည် တာဝန်ရှိသူများလိုက်ပါလျက် ဧပြီလ (၄) ရက်နေ့၊ ဒေသစံတော်ချိန် မွန်းလွဲပိုင်းအချိန်က Phyathai Phaholyothin Hospital သို့ သွားရောက် ကြည့်ရှုအားပေးခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက ဆေးဝါးကုသမှုခံယူနေကြသည့် မြန်မာနိုင်ငံသား တစ်ဦးချင်းစီကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးကာ ထောက်ပံ့ငွေ များနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပါသည်။

ကိုးကား-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၁)