မြန်မာ့ငလျင်ကြောင့် ဒဏ်ရာရသူများအနက် လူ ၃၀၀ ကျော်ကို  ရုရှား ဆရာဝန်များ ဆေးကုသပေး

News Image

  • မြန်မာ့ငလျင်ကြောင့် ဒဏ်ရာရသူများအနက် လူ ၃၀၀ ကျော်ကို   ရုရှား ဆရာဝန်များ ဆေးကုသပေး

မကြာသေးမီက လှုပ်ခတ်ခဲ့သော မြန်မာ့ငလျင်ကြောင့် ဒဏ်ရာရရှိသူများအနက် လူပေါင်း ၃၀၀ ကျော်ကို ရုရှားနိုင်ငံအရေးပေါ်ဆိုင်ရာဝန်ကြီးဌာန၏ ရွေ့လျားဆေးရုံအဖွဲ့က ကုသပေးခဲ့ကြောင်း ထိုဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါသည်။

အကြီးစား ခွဲစိတ်ကုသမှု ၄ ခုအပါအဝင် ခွဲစိတ်မှုပေါင်း ၆၃ ခု ပြုလုပ်ခဲ့ပြီး လူပေါင်း ၃၀၀ ကျော်ကို ဆေးကုသပေးခဲ့ကြောင်း၊ ပြိုကျပျက်စီးနေသော အဆောက်အအုံ ၈၂ လုံး၏ ၁၂၆,၀၀၀ စတုရန်းမီတာကျော်ကို ရှာဖွေ ကယ်ဆယ်ခဲ့ကြောင်း၊ ကယ်ဆယ်ရေးသမားများက ဒရုန်းများ၊ လေ့ကျင့်ထားသော ခွေးများ အသုံးပြုခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား ပါသည်။

မတ် ၂၈ ရက်က မြန်မာနိုင်ငံ၌ လှုပ်ခတ်သည့်ငလျင်ကို ထိုင်း မိုးလေဝသ ဌာနက အင်အား ၈.၂ ရစ်ချက်စကေးအဆင့် ရှိကြောင်း ဖော်ပြထားကြ ပါသည်။ ထိုငလျင်ကြောင့် လက်ရှိအချိန်ထိ သေဆုံးသူဦးရေမှာ လူပေါင်း ၃၆၀၀ ကျော်လာ ပြီဖြစ်ကြောင်း ဖော်ပြထားပါသည်။

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ရုရှားသမ္မတဗလာဒီမာ ပူတင်က မြန်မာနိုင်ငံ ဝန်ကြီးချုပ်အတွက် ဝမ်းနည်းကြောင်း ဖော်ပြခဲ့ ပြီးနောက် ရုရှားအရေးပေါ်ဆိုင်ရာဝန်ကြီးဌာနမှ ကယ်ဆယ်သမားများ၊ ကျွမ်းကျင်သူများနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို မြန်မာနိုင်ငံသို့ စေလွှတ်ပေးခဲ့ပါသည်။ 

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃