ကမ္ဘာ့သမိုင်းတစ်လျှောက် အပြင်းထန်ဆုံး ငလျင်များ
ငလျင်သည် ယနေ့အထိ ခန့်မှန်း၍ မရသော သဘာဝဘေးအန္တရာယ် ဖြစ်ပါသည်။ ငလျင်ကြောင့် လူသားများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးကြရပါသည်။ အမေရိကန်ဘူမိဗေဒဆိုင်ရာတိုင်းတာရေးဌာန၏မှတ်တမ်းများအရ ၁၉၀၀ ပြည့်နှစ်နောက်ပိုင်း ကမ္ဘာ့အပြင်းထန်ဆုံး ငလျင်မှာ ၁၉၆၀ ပြည့်နှစ်၊ မေ ၂၂ ရက်တွင် ချီလီနိုင်ငံ၌ လှုပ်ခတ်ခဲ့သော Valdivian ငလျင်ဖြစ်ပါသည်။
Valdivian ငလျင်မှာ ၉.၅ မဂ္ဂနီကျူ ရှိသဖြင့် သမိုင်းမှတ်တမ်းထားမှု နောက်ပိုင်း ကမ္ဘာပေါ်တွင် အကြီးမားဆုံးနှင့် အပြင်းထန်ဆုံးငလျင် ဖြစ် ပါသည်။ ချီလီကမ်းရိုးတန်း၏ Valdivian နှင့် Montto ဧရိယာကို ဗဟိုပြု လှုပ်ခတ်ခဲ့ပါသည်။ ငလျင်ကြောင့် ချီလီကမ်းရိုးတန်းတစ်လျှောက် ဆူနာမီ ရေလှိုင်းလုံးကြီးများ ဖြစ်ပေါ်ခဲ့ပါသည်။ Valdivian ကြောင့် ချီလီနိုင်ငံ အပြင် ဟာဝိုင်အီ၊ အမေရိကန်ကမ်းရိုးတန်း၊ ဖိလစ်ပိုင် တို့အထိပါ အကြီး အကျယ် ထိခိုက်ဆုံးရှုံးခဲ့ရပါသည်။ Valdivian ငလျင်ကြောင့် ချီလီနိုင်ငံတွင် လူအနည်းဆုံး ၁၆၅၅ ဦး၊ ဟာဝိုင်အီတွင် ၁၃၈ ဦးနှင့် ဖိလစ်ပိုင်နိုင်ငံ တို့တွင် ၃၂ ဦးသေဆုံးခဲ့ရပါသည်။
ဒုတိယအပြင်းထန်ဆုံးငလျင်မှာ အမေရိကန်ပြည်ထောင်စု၌ ၂၈-၃-၁၉၆၄ က လှုပ်ခတ်ခဲ့သော Great Alaska ငလျင်ဖြစ်ပြီး ၉.၂ မဂ္ဂနီကျူရှိပါသည်။ တတိယအပြင်းထန်ဆုံးမှာ ၂၆-၁၂-၂၀၀၄ က Sumatra-Andaman ကျွန်းစု များ၌ လှုပ်ခတ်ခဲ့သည့်ငလျင်ဖြစ်ပြီး ၉.၁ မဂ္ဂနီကျူရှိပါသည်။
စတုတ္တအပြင်းထန်ဆုံးငလျင်မှာ ဂျပန်နိုင်ငံတွင် ၁၁-၃-၂၀၁၁ က လှုပ်ခတ် ခဲ့သော Japan ငလျင်ဖြစ်ပြီး ၉.၁ မဂ္ဂနီကျူရှိပါသည်။ ပဉ္စမ အပြင်းထန်ဆုံး ငလျင်မှာ ရုရှားတွင် ၄-၁၁-၁၉၅၂ က လှုပ်ခတ်ခဲ့သော Kamchatka ငလျင် ဖြစ်ပြီး ၉.၀ မဂ္ဂနီကျူရှိပါသည်။
ကိုးကား- USATODAY
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃