ငလျင်ဒဏ်သင့်ဒေသများအတွင်း ကျန်းမာရေးစောင့်ရှောက်မှုများအတွက် အရေးပေါ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၅ သန်း Global Fund မှ ပေးအပ်မည်

News Image

  • ငလျင်ဒဏ်သင့်ဒေသများအတွင်း ကျန်းမာရေးစောင့်ရှောက်မှုများအတွက် အရေးပေါ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၅ သန်း Global Fund မှ ပေးအပ်မည်

မြန်မာနိုင်ငံ၌ မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ဖြစ်ခဲ့ရသော ထိခိုက်ဆုံးရှုံးမှုများအတွက် AIDS၊ တီဘီရောဂါနှင့် ငှက်ဖျားရောဂါတိုက်ဖျက်ရေး ကမ္ဘာ့ရန်ပုံငွေအဖွဲ့ (Global Fund) မှ  ငလျင်ဒဏ်သင့်ဒေသများအတွင်း ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေး နိုင်ရန် အရေးပေါ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၅ သန်းခွဲဝေ ချထားခြင်းကို ဧပြီလ ၁၄ ရက်နေ့တွင် အတည်ပြုလိုက်ပါသည်။

ငလျင်ဒဏ်သင့်ဒေသများအတွင်း  တီဘီရောဂါ၊ HIV နှင့် ငှက်ဖျားရောဂါ တို့အား ရှာဖွေခြင်းနှင့် ကုသခြင်းများ ဆောင်ရွက်ရာတွင် ထိုအရေးပါရန်ပုံငွေ ကို အဓိကသုံးစွဲသွားမည်ဖြစ်ပြီး လိုအပ်သောဆေးဝါးများကို ထောက်ပံ့သွား မည်ဖြစ်ပါသည်။ ထို့အပြင်   ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ စဉ်ဆက်မပြတ်ပေးနိုင်ရန်နှင့် ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်း စဉ်များ ဆောင်ရွက်ရာတွင်လည်း သုံးစွဲသွားမည်ဖြစ်ပါသည်။ ‌‌

မြန်မာနိုင်ငံတွင် ငလျင်ဒဏ်ခံစားခဲ့ရသည့် အခြေအနေကို လူသားချင်းစာနာ ထောက်ထားမှုပေးရန် လိုအပ်ချက် အဆင့် (၃) အဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) က သတ်မှတ်ခဲ့‌ပြီးဖြစ်‌‌‌‌ပါသည်။ 

ကိုးကား- https://www.theglobalfund.org 

ဘာသာပြန်ဆိုသူ-ဒေါ်မေသူဌေး၊ ဦးစီးအရာရှိ၊ နစက-၃