ပခုက္ကူမြို့နယ်၌ ဝိုင်ယာရှော့ခ်ဖြစ်ရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

News Image

  • ပခုက္ကူမြို့နယ်၌ ဝိုင်ယာရှော့ခ်ဖြစ်ရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

နေပြည်တော်   ဧပြီ ၂၁

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်၌ ဧပြီလ ၂၀ က်က ဝိုင်ယာရှော့ခ်ဖြစ်ရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၁၉ ရက်ည ၁၂ နာရီခွဲတွင် ပခုက္ကူမြို့နယ် UA Interveb စီးကရက်စက်ရုံ၌ မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ ပခုက္ကူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မီးသတ်ယာဉ် သုံးစီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ၂၅ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး ဖြစ်စဉ်အား စိစစ်ခဲ့ရာ ပခုက္ကူမြို့နယ် ရွှေချောင်းကျေးရွာနေ စက်ရုံမှူး ခင်မောင်သန်း (၅၈) နှစ်သည် အဆောက်အအုံအတွင်း၌ စီးကရက်ဖာများအား အဲကွန်းလွှတ်ပေးထားရာမှ လျှပ်စစ်ဝိုင်ယာရှော့ခ်ဖြစ်ကာ မီးစတင်လောင်ခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ဂိုဒေါင်အတွင်းရှိ စီးကရက်ဖာ ၂၅ ဖာ မီးလောင်ပျက်စီးဆုံးရှုံးခဲ့သဖြင့် ခင်မောင်သန်းအား ပခုက္ကူမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

Source: မြန်မာ့အလင်းသတင်းစာ