အမေရိကန်နိုင်ငံတွင် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာသည်နှင့်အမျှ ဒီရေတောများ ပိုမိုပျက်စီးလာ

News Image

  • အမေရိကန်နိုင်ငံတွင် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာသည်နှင့်အမျှ ဒီရေတောများ ပိုမိုပျက်စီးလာ

ဝါရှင်တန်    ဧပြီ ၂၁

အမေရိကန်နိုင်ငံတွင် ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာသည်နှင့်အမျှ ဒီရေတောများ ပိုမိုပျက်စီးလာကြောင်း ယနေ့သတင်းများအရ သိရသည်။

ကမ်းရိုးတန်းတစ်လျှောက်တွင် သဘာဝအတိုင်းပေါက်ရောက်နေသော ဒီရေတောများသည် ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာသည်နှင့်အမျှ ရေငန်များ ဝင်ရောက်မှုများပြားကာ ဒီရေတောအတွင်း ပေါက်ရောက်နေသော သစ်ပင်များ ခြောက်သွေ့ကာ စိမ့်မြေများ ပျက်စီးသွားကြောင်း သိရသည်။

“ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတော့ မြေဆီလွှာအပေါ်ပိုင်းမှာ ရေငန်‌တွေ ပိုမိုများလာပါတယ်။ ဒီရေတောတွေပျက်စီးတော့ မုန်တိုင်းနဲ့ ဒီရေလှိုင်းဒဏ်ကို ခံနိုင်ရည် ကျဆင်းလာပါတယ်။ အချိန်မီထိန်းသိမ်းမှုတွေ မလုပ်ဘူးဆိုရင် အဏ္ဏဝါဂေဟစနစ်ကို ကမောက်ကမ ဖြစ်စေမှာဖြစ်ပါတယ်” ဟု ဝါရှင်တန်ဒီစီရှိ ဂျော့ချ်ဝါရှင်တန်တက္ကသိုလ်မှ ကမ်းရိုးတန်းဂေဟဗေဒပညာရှင် ဂီဒန်က ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ အတ္တလန္တိတ် အလယ်ပိုင်းကမ်းခြေရှိ ပင်လယ်အော်တစ်လျှောက်တွင် ပေါက်ရောက်နေသော ဒီရေတောများသည် ယခုအခါ တဖြည်းဖြည်း ခြောက်သွေ့ကာ ပျက်စီးနေပြီး အဆိုပါ ဒီရေတောများသည် အဏ္ဏဝါဂေဟစနစ်အတွက် အလွန်အရေးပါပြီး ကမ်းရိုးတန်းဒေသများကို မုန်တိုင်းဒဏ်ကို ခံနိုင်ရည်ရှိစေကာ ရာသီဥတုဖောက်ပြန်မှုကို ဖြစ်စေသော ကာဗွန်ကို သိုလှောင်ပေးနိုင်ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ