မြန်မာ့ငလျင်ကြောင့် တရုတ်ကိုရှားပါးမြေဒြပ်စင်‌ပေးသွင်းမှုပြတ်လပ်နိုင်

News Image

  • မြန်မာ့ငလျင်ကြောင့် တရုတ်ကိုရှားပါးမြေဒြပ်စင်‌ပေးသွင်းမှုပြတ်လပ်နိုင်

ပြီးခဲ့သည့်လက မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုကြောင့် တရုတ်နိုင်ငံသို့ မြေရှားဒြပ်စင် ပုံမှန်တင်ပို့ရောင်းချမှုကို အနှောင့်အယှက် ဖြစ်စေခဲ့သည်။ ထို့အပြင် နိုင်ငံတကာ ကုန်သွယ်မှုအတွက် အဓိက လမ်းကြောင်းကိုလည်း ပျက်စီးစေခဲ့သည်။

မတ်လနှောင်းပိုင်းတွင် ပြင်းအား ၇.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် မိုင်းတူးစက်ကိရိယာများ ပျက်စီးကာ မိုင်းအန္တရာယ်ကင်းရှင်းရေးကို ထိခိုက်ကြောင်းနှင့် တရုတ်နိုင်ငံ၏ ရှားပါးမြေဒြပ်စင်များကို နိုင်ငံခြားမှ အများဆုံး ထောက်ပံ့ပေးနေသည့် မြန်မာနိုင်ငံတွင် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ပိတ်ဆို့သွားနိုင်ကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။

“ဒီမြေငလျင်က ရှားပါးမြေတွေ ပေးသွင်းရေးနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ နောက်တစ်ကြိမ် ထပ်ဖြစ်လာနိုင်ပြီး ဈေးနှုန်းမတည်ငြိမ်မှုကို ပိုမိုဆိုးရွားစွာဖြစ်စေနိုင်ပါတယ်” ဟု ကော်နဲလ် တက္ကသိုလ်မှ အသုံးချစီးပွားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ လက်ထောက်ပါမောက္ခ ဝန်ဒုန်ဇန်က ပြောကြားခဲ့သည်။ “တရုတ်နိုင်ငံသည် သတ္တု ဒြပ်စင် တင်သွင်းမှု ရှားပါးမှုအတွက် ပိုမိုသက်သာအောင်ပြောင်းလဲရန် မဖြစ်မနေ လုပ်ရတော့မည်ဟုလည်း ထပ်မံဖော်ပြထားပါသည်။

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်ရှိ ရှားပါးမြေရိုင်းများကို အဓိကထုတ်လုပ်သည့်နိုင်ငံဖြစ်သည်—စမတ်ဖုန်းများမှအစ အဆင့်မြင့်လက်နက်များအထိအရာအားလုံးကိုပြုလုပ်ရန် မရှိမဖြစ်လိုအပ်သော အရေးပါသောသတ္တုများပါဝင်ပြီး ကမ္ဘာလုံးဆိုင်ရာလုပ်ဆောင်နိုင်စွမ်း၏ ၉၀ ရာခိုင်နှုန်းနီးပါးကို ထိန်းချုပ်ထားသည်။

စက်ရုံများ၌ အသုံးပြုနေ‌သောကုန်ကြမ်းအများစုကို နိုင်ငံခြားမှ တရုတ်နိုင်ငံကို တင်သွင်းခြင်းဖြစ်ပြီး အထူးသဖြင့် မြန်မာနိုင်ငံကတင်သွင်းပါသည်။ ဇန်၏ တွက်ချက်မှုများအရ တရုတ်နိုင်ငံသည် ယမန်နှစ်က မြန်မာနိုင်ငံမှ ရှားပါးဒြပ်စင် တန်ချိန် (၄၄,၀၀၀) ကို တင်သွင်းခဲ့ပြီး စုစုပေါင်း တင်သွင်းမှု၏ (၅၇) ရာခိုင်နှုန်းရှိကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံသည် မြင့်မားသောအပူချိန်တွင် သံလိုက်များ အလုပ်လုပ်နိုင်စေရန်အတွက် အလွန်အရေးကြီးသော ရှားပါးဒြပ်စင်များဖြစ်သည့် ဒစ်စ်ပရိုးစီယမ် နှင့် တာဘီယမ် တို့ကို အဓိကပံ့ပိုးပေးနေသည့် အရေးကြီးသောနိုင်ငံဖြစ်ကြောင်း တိုရွန်တိုအခြေစိုက် စက်မှုလုပ်ငန်းအကြံပေးကုမ္ပဏီ Stormcrow Capital ဥက္ကဋ္ဌ ဂျွန် ဟိုက်ခါဝီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် အရေးကြီးသော သတ္တုများပို့ရန် တည်ငြိမ်သော ပိုက်လိုင်းကို ၎င်း၏ နိုင်ငံတော်လုံခြုံရေးအတွက် မရှိမဖြစ်အရေးကြီးသောအရာဟု မှတ်ယူထားပြီး ယခုအခါ အမေရိက နှင့် ဆက်ဆံရာတွင် အရေးကြီးသော ဓာတ်သတ္တုထောက်ပံ့ရေးလုပ်ငန်းလမ်းကြောင်း၏ လွှမ်းမိုးချုပ်ကိုင်မှုကို ဦးတိုးမြှင့်လုပ်ဆောင်ရန် ဆန္ဒရှိလာပါသည်။

ယခုလအစောပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်သည် တရုတ်ကုန်ပစ္စည်းများအပေါ် အခွန်တိုးကောက်ပြီးနောက် ရှားပါးဒြပ်စင် ခုနစ်မျိုးတင်ပို့မှုအပေါ် ပေကျင်းကတားမြစ်ကန့်သတ် ခဲ့ပါသည်။

မြန်မာနိုင်ငံ၏ အရေးပါသော ဓာတ်သတ္တုကုန်သွယ်မှုသည် ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ကြောင့် ရှုပ်ထွေးနေပြီဟု လေ့လာသုံးသပ်သူများက ဆိုကြသည်။

ပြီးခဲ့သောနှစ်တွင် ပြည်တွင်းပဋိပက္ခကြောင့် နယ်စပ်ကို ပိတ်ထားရခြင်းကြောင့် မြန်မာနိုင်ငံ၏ သတ္တုတင်ပို့မှုမှာ “သိသိသာသာ ကျဆင်းသွားသည်” ဟု ဇန် က ပြောကြားခဲ့သည်။ အဆိုပါအနှောင့်အယှက်များသည် “ဈေးနှုန်းများ ကို သိသိသာသာ မြင့်တက်‌စေခဲ့သည်” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

“တရုတ်ရဲ့ အဓိက စိုးရိမ်ပူပန်မှုက မြန်မာနိုင်ငံ တည်ငြိမ်ရေးနဲ့ လက်ရှိဖြစ်နေတဲ့ ပဋိပက္ခတွေက တရုတ်စီးပွားရေး အကျိုးစီးပွားတွေကို ဘယ်လို သက်ရောက်မှုရှိလဲ” ဟု ကော်လိုရာဒို ကျောင်းမှ Ph.D သင်တန်းသား တင်ဇာထွန်း က ပြောပါသည်။

Source: Popular Myanmar