ဦးနှောက် အသေးစားများကို စမ်းသပ်ရာမှ စိတ်ဖောက်ပြန်မှုဖြစ်စေသည့် အကြောင်းရင်းတွေ့ရှိ

News Image

  • ဦးနှောက် အသေးစားများကို စမ်းသပ်ရာမှ စိတ်ဖောက်ပြန်မှုဖြစ်စေသည့် အကြောင်းရင်းတွေ့ရှိ

အိုဟိုင်းယိုးပြည်နယ် တက္ကသိုလ်မှ သုတေသနပညာရှင်များက လူသားတွေရဲ့ ကလာပ်စည်းများနဲ့ ပြုလုပ်ထားတဲ့ဓာတ်ခွဲခန်းဖြစ် ဦးနှောက် အသေးစားတွေကို အသုံးပြုစမ်းသပ် လေ့လာမှုတွေလုပ်တဲ့အခါ ဒီမန်းရှားလို့ခေါ်တဲ့ စိတ်ဖောက်ပြန်မှုကိုဖြစ်စေတတ်သော အကြောင်းရင်းကို ရှာဖွေတွေ့ရှိသွားပြီလို့ ဆိုပါတယ်။

အထူးသဖြင့်တော့ ပရိုတင်းတစ်မျိုးကို သူတို့ကလေ့လာကြည့်လိုက်မိတာပါ။ အဲဒီပရိုတင်းကို GRAMD1Bလို့ခေါ်ပါတယ်။ သူ့ရဲ့လုပ်ငန်းတာဝန်က  ဦးနှောက်ရဲ့ ကလာပ်စည်းအတွင်းမှာရှိတဲ့   ကိုလက်စထရောနဲ့ အဆီကို ထိန်းညှိရာမှာ ကူညီပေးရတာပါ။

အကယ်၍များ  အဲဒီပရိုတင်းက ဟန်ချက်မညီတော့ဘူး ဆိုရင် ဦးနှောက်ရဲ့ အဓိကကျတဲ့ လုပ်ငန်းစဉ်များအပေါ် ထိခိုက်မှုရှိစေပြီး စိတ်ဖောက်ပြန်မှုကို ဖြစ်စေတဲ့ အဆိပ်သင့်ပရိုတင်းများကို ဖြစ်ပေါ်လာစေတာဖြစ်ပါတယ်။

အခုလိုမျိုး သုတေသနပညာရှင်များရဲ့ တွေ့ရှိမှုက တော်တော်လေးကိုအကျိုးရှိ တယ်လို့ဆိုရမှာပါ။ ဘာကြောင့်လဲဆိုရင် ဒီတွေ့ရှိမှုကနေ စိတ်ဖောက်ပြန်မှုရောဂါ ဘာကြောင့်ဖြစ်ရတာလဲ ဆိုတာကို ရှာဖွေ ဖော်ထုတ်နိုင်လို့ဖြစ်ပါတယ်။  ဒါ့အပြင် ဒီလိုမျိုး ဖော်ထုတ်နိုင်မှုကြောင့် အဲဒီရောဂါကို အကောင်းဆုံးကုသနိုင်မယ့် နည်းလမ်းကိုလည်း ဖော်ထုတ်နိုင်တော့မှာ ဖြစ်ပါတယ်။    

Source: https://myawady.net.mm/