အဆီပါဝင်မှုများသော အစားကို သုံးရက်စားရုံဖြင့် ဦးနှောက်ရောင်ရမ်းမှုကိုဖြစ်စေနိုင်
အိုဟိုင်းယိုးပြည်နယ် တက္ကသိုလ်မှ သုတေသနပညာရှင်များက ကြွက်များကို အသုံးပြုပြီး လေ့လာမှုတစ်ခုလုပ်ရာမှာ သိပ်ကိုအံ့ဩဖွယ်ကောင်းတဲ့ အချက်တစ်ချက်ကို တွေ့ရှိလိုက်ရပါတယ်။ အဲဒီတွေ့ရှိချက်ကတော့ အဆီပါဝင်မှုများတဲ့ အစားအစာကို သုံးရက်မျှစားရုံဖြင့် ဦးနှောက် ရောင်ရမ်းမှုကို ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။
အဓိကအားဖြင့် သက်ကြီးပိုင်းတွေက အဲဒီလိုအဆီများတဲ့အစားအစာကို စားသုံးမယ်ဆိုရင် မှတ်ဉာဏ်လျော့ကျမှုသာမက ဦးနှောက်ရောင်ရမ်းမှုပါ ဖြစ်ပွားနိုင်တယ်လို့ သုတေသနပညာရှင်များက သုံးသပ်ထားပါတယ်။
သုတေသနပညာရှင်များက အဝလွန်ရောဂါနဲ့ ဆီးချိုရောဂါဖြစ်ပွားမှုတို့ကိုလေ့လာမှုတွေလုပ်နေတဲ့ အချိန်မှာ မမျှော်လင့်ဘဲ အခုလိုမျိုးတွေ့ရှိချက်ကို ဖော်ထုတ်နိုင်ခဲ့တာပါ။
ကျန်းမာရေးနဲ့ညီညွတ်မှုမရှိတဲ့ အစားအစာတွေကို စားသုံးခြင်းနဲ့ ဆီးချိုရောဂါ ဖြစ်ပွားမှုက ဆက်စပ်နေတာ မှန်ပေမယ့် အဆီများတဲ့ အစားအစာကိုစားသုံးမှုနဲ့ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ဆက်စပ်မှုကိုတော့ အခုမှပဲတွေ့ရှိကြတာဖြစ်တယ် လို့ဆိုပါတယ်။
Ref: STD
K.H
Source: https://myawady.net.mm/