တရုတ်က ကမ္ဘာ့ပထမဆုံးအဖြစ် 10G ကွန်ရက်စနစ်ကို ရှောင်အန်းမြို့၌ စတင်အသုံးပြု
ကမ္ဘာ့နိုင်ငံအများအပြားက အင်တာနက်ကွန်ရက်ကို အသုံးပြုရာမှာ 5G ကွန် ရက်နည်းပညာကိုသာ အသုံးပြုနိုင်နေချိန်မှာ တရုတ်နိုင်ငံက ကမ္ဘာ့ပထမဆုံး အဖြစ် 10G ကွန်ရက်နည်းပညာကို နည်းပညာမြို့တော်ဖြစ်တဲ့ ရှောင်အန်းမြို့မှာ စတင်အသုံးပြုလိုက်ပြီ ဖြစ်ပါတယ်။
အခုလိုကွန်ရက်နည်းပညာကို အသုံး ပြုနိုင်စေဖို့အတွက် ဟွားဝေကုမ္ပဏီနဲ့ ချိုင်းနားယူနီကွန်း ကုမ္ပဏီတို့က ပူးပေါင်းပြီး 50G-PON နည်းပညာကို အသုံးပြုကာဝန်ဆောင်မှုပေးထားတာပါ။
ဒီကွန်ရက်နည်းပညာရဲ့ အမြန်နှုန်းက အရွယ်အစား အလွန်ကြီးမားတဲ့ ဗီဒီယိုဖိုင် တွေကိုတောင်မှ စက္ကန့်ပိုင်းအတွင်း ဒေါင်းလုတ်ရယူနိုင်စေမှာပါ။ တရုတ်နိုင်ငံက အသုံးပြုလာတဲ့ အလွန်မြန်နှုန်းမြင့်ကွန် ရက်နည်းပညာက အနာဂတ်မှာ ပေါ်ပေါက်လာမယ့် စမတ်မြို့တော်များအတွက် မရှိမဖြစ် အရာဖြစ်လာပါတယ်။
Source: https://myawady.net.mm/
MM-News-Category