နာတာရှည် ကိုဗစ်ရောဂါကို အဆုံးသတ်ပေးမယ့် ဆေးတစ်မျိုး ထွက်ပေါ်လာမည်

News Image

  • နာတာရှည် ကိုဗစ်ရောဂါကို အဆုံးသတ်ပေးမယ့် ဆေးတစ်မျိုး ထွက်ပေါ်လာမည်

သုတေသနပညာရှင်များက ဆေးတစ်မျိုးကို ရှာဖွေတွေ့ရှိလိုက်ပါတယ်။ အဲဒီ ဆေးရဲ့ဒြပ်ပေါင်းက နာတာရှည်ကိုဗစ် ရောဂါလက္ခဏာတွေကို ကာကွယ်နိုင်စွမ်း ရှိတယ်လို့ဆိုပါတယ်။ ကြွက်တွေကိုအသုံးပြုထားတဲ့ ဒီစမ်းသပ်မှုရဲ့ရလဒ်က ကိုဗစ် ရောဂါကုသမှုအတွက် နည်းလမ်းကောင်းတစ်ခု ဖြစ်လာနိုင်တယ်လို့ သုတေသီများ ကပြောထားပါတယ်။

ဒီသုတေသနကို WEHI ဆေးသုတေသနအဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး သူတို့ ဖန်တီးထုတ်လုပ်ထားတဲ့ ပိုးသတ်ဆေး ဒြပ်ပေါင်းတစ်မျိုးကို ကြွက်တွေမှာစမ်းသပ် လိုက်တဲ့အခါ နာတာရှည်ကိုဗစ်ရောဂါရဲ့ လက္ခဏာတွေဖြစ်တဲ့ ဦးနှောက်ရဲ့လုပ်ငန်း ဆောင်တာ မူမမှန်တာနဲ့ အဆုတ်ပျက်စီးခြင်း ဖြစ်ပွားတာတို့ကို ကာကွယ်နိုင်တယ် ဆိုတာ တွေ့လိုက်ရတာဖြစ်ပါတယ်။ ကိုဗစ်ကြောင့် အသက်ရှူကျပ်ခြင်းမှ ဦးနှောက် ထိုင်းမှိုင်းခြင်းအထိ ဖြစ်တတ်ပါတယ်။

သုတေသနပညာရှင်များကတော့ သူတို့ရဲ့တွေ့ရှိမှုကို လူသားတွေနဲ့လက်တွေ့ စမ်းသပ်မှုတွေ လုပ်ဆောင်သွားဖို့အထိ မျှော်မှန်းထားပါတယ်။ ဒါ့အပြင် ကိုဗစ် ရောဂါအတွက် အတည်ပြုထားတဲ့ ကုသမှု ဖြစ်လာဖို့ကိုလည်း ရည်မှန်းထားပါတယ်။

Source: https://myawady.net.mm/