ပင်လယ်ပြင်မှ ကာဗွန်စုပ်ယူမယ့် ဗြိတိန်

News Image

  • ပင်လယ်ပြင်မှ ကာဗွန်စုပ်ယူမယ့် ဗြိတိန်

ပင်လယ်ပြင်ဆိုတာ ကမ္ဘာပေါ်မှာ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို အများဆုံး စုပ်ယူပေးနေတာဖြစ်ပါတယ်။ အခု ဗြိတိန်အစိုးရရဲ့ ငွေကြေးထောက်ပံ့မှုနဲ့ SeaCURE လို့ခေါ်တဲ့ အစီအစဉ်တစ်ခုကို စတင်လိုက်ပါတယ်။ ဒီအစီအစဉ်ရဲ့အဓိက ရည်ရွယ်ချက်က  ရာသီဥတုပြောင်းလဲမှု ကိုတိုက်ဖျက်ဖို့အတွက် နည်းပညာကို ရှာဖွေဖော်ထုတ်ခြင်း ဖြစ်ပါတယ်။ ဒီအစီအစဉ်ကနေ လုပ်ဆောင်သွားမယ့်အရာက ပင်လယ်ပြင်ထဲကနေ ကာဗွန်တွေကိုစုပ်ယူခြင်းပါပဲ။

ပင်လယ်ပြင်ဟာ ကာဗွန်တွေကို စုပ်ယူထားရတာ များပြားလာပြီဖြစ်တဲ့အတွက် ပူပြင်းပြီးဂေဟစနစ်အပေါ် ထိခိုက်မှုတွေ ရှိလာပါတယ်။ ဒါကြောင့် ပင်လယ်ပြင်ထဲ မှကာဗွန်တွေကို စုပ်ယူပေးခြင်းအားဖြင့် ပင်လယ်ပြင်မှာအေးမြပြီး ရာသီဥတုကို ပြန်လည်ထိန်းသိမ်းနိုင်စေမယ်လို့ သုတေသီများက မျှော်မှန်းထားပါတယ်။ သူတို့ရဲ့ စီမံကိန်းက ပင်လယ်ပြင်ထဲကနေ ကာဗွန် ပမာဏတန်ချိန် ၄ ဘီလီယံကို ထုတ်ယူနိုင်မယ်လို့ ဆိုပါတယ်။

Source: https://myawady.net.mm/