ရုရှား-အမေရိကန် အာကာသခရီးစဉ် အောင်မြင်စွာပြီးဆုံး အာကာသ ယာဉ်မှူးများ ကမ္ဘာသို့ ပြန်လည်ရောက်ရှိ

News Image

  • ရုရှား-အမေရိကန် အာကာသခရီးစဉ် အောင်မြင်စွာပြီးဆုံး အာကာသ ယာဉ်မှူးများ ကမ္ဘာသို့ ပြန်လည်ရောက်ရှိ

ရုရှားအာကာသအေဂျင်စီ Roscosmos မှ အာကာသယာဉ်မှူး အလက်ဇီ အိုဗ်ချီနင်နှင့် အိုင်ဗန် ဗာ့ဂ်နာ တို့သည် အမေရိကန် NASA အာကာသယာဉ်မှူး ဒေါ်နယ်ပက်တစ်နှင့်အတူ Soyuz MS-26 အာကာသယာဉ်ဖြင့် ကမ္ဘာသို့ ဧပြီ ၂၀ ရက်တွင် ပြန်လည်ဆင်းသက်ခဲ့ကြောင်း ရုရှားမစ်ရှင် ထိန်းချုပ်ရေးစင်တာ (Mission Control Center) ၏ ထုတ်ပြန်ချက်အရ သိရသည်။ 

အာကာသယာဉ်မှူးတို့သည် ကာဇက်စတန်နိုင်ငံသို့ Soyuz MS-26 ယာဉ်ဖြင့် ဆင်းသက်ခဲ့ပြီးနောက် ၎င်းတို့၏ အပြည်ပြည်ဆိုင်ရာ အာကာသစခန်း (ISS) တွင် ရက်ရှည်လုပ်ငန်းဆောင်တာများ ပြီးဆုံးသွားပြီဖြစ်ပါသည်။

Soyuz MS-26 ပြန်လည်ဆင်းသက်ပြီးနောက် ISS တွင် ၇၃ ကြိမ်မြောက် ရက်ရှည်အာကာသစူးစမ်းရေးအဖွဲ့က ဆက်လက်တာဝန်ထမ်းဆောင်မည် ဖြစ်ပါသည်။ ထိုအဖွဲ့တွင် Roscosmos အာကာသယာဉ်မှူး / TASS ၏ ISS မှ အထူးသတင်းထောက်အလက်ဇီ ဇူဘရစ်စကီး၊ Roscosmosအာကာသ ယာဉ်မှူးဆာဂေး ရီဇီကို့ဗ်နှင့် NASA အာကာသယာဉ်မှူး ဂျော်နီကင်းတို့ ပါဝင်ပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃