ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်

News Image

  • ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ဧပြီ ၂၁ ရက် မွန်းလွဲပိုင်း (မော်စကို စံတော်ချိန် နံနက် ၅:၃၅ ၊ မြန်မာစံတော်ချိန် နံနက် ၁၁:၀၅ အချိန်) တွင် အသက် ၈၈ အရွယ်၌ ကွယ်လွန်သွားကြောင်း ဗာတီကန်၏ သတင်း ထုတ်ပြန်ရေးဌာနက ကြေညာလိုက်ပါသည်။

ဖရန်စစ်သည် အီစတာပွဲတော်မတိုင်မီ နောက်ဆုံးအကြိမ်အဖြစ် ဗာတီကန်ရှိ စိန့်ပီတာဘုရားကျောင်း လှေကားဆင်းတွင် ဝတ်ပြုသူများ ကို ကောင်းချီးပေးခဲ့သည်။ 

အမေရိကန်ဒုသမ္မတ JD Vance နှင့် နောက်ဆုံးတွေ့ဆုံခဲ့ပြီး၊ ကျန်းမာရေး အခြေအနေ ဆိုးရွားနေသော်လည်း ပုပ်ရဟန်းမင်းကြီးသည် မိမိ၏ တာဝန်များကို ဆက်လက်ထမ်းဆောင်ခဲ့ပါသည်။ 

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် မတ်လ ၂၃ ရက်တွင် နမိုးနီးယား ရောဂါဆိုးဖြင့် ဆေးရုံအတွင်းလူနာအဖြစ် ၄၀ ရက်ကြာ ကုသမှုခံယူပြီး နောက်ဆေးရုံမှ ဆင်းခဲ့သော်လည်း ကျန်းမာရေးမှာ ချိုယွင်းနေခဲ့ရာ ဧပြီ ၂၁ တွင် အသက် ၈၈ အရွယ်၌ ကွယ်လွန်သွားရှာပြီဖြစ်ပါသည်။ 

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃