တောင်ကိုရီးယားက လေးစင်းမြောက် ထောက်လှမ်းရေး ဂြိုဟ်တုလွှတ်တင်

News Image

  • တောင်ကိုရီးယားက လေးစင်းမြောက် ထောက်လှမ်းရေး ဂြိုဟ်တုလွှတ်တင်

တောင်ကိုရီးယားနိုင်ငံက ပြည်တွင်းဖြစ် လေးစင်းမြောက် ထောက်လှမ်းရေးဂြိုဟ်တုကို ဧပြီလ ၂၂ ရက်တွင် ကမ္ဘာပတ်လမ်းအတွင်းသို့ အောင်မြင်စွာ လွှတ်တင်လိုက်နိုင်ကြောင်း သိရသည်။

အဆိုပါဂြိုဟ်တုကို အမေရိကန်နိုင်ငံ ဖလော်ရီဒါရှိ အာကာသအခြေစိုက်စခန်းမှလွှတ်တင်ခြင်းဖြစ်ကြောင်းနှင့် ယင်းသို့လွှတ်တင်ရခြင်းသည် နိုင်ငံအနေဖြင့်မှီခို မှုကင်းမဲ့သည့် ထောက်လှမ်းရေး စွမ်းရည်များကို ပိုင်ဆိုင်လာနိုင်စေရန်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယင်းဂြိုဟ်တုကို SpaceX ၏ Falcon 9 ဒုံးပျံက သယ်ဆောင်သွားခြင်းဖြစ်ပြီး ဒုံးပျံ ကိုလွှတ်တင်ပြီးနောက် ငါးမိနစ်အကြာတွင် ဂြိုဟ်တုကို ကမ္ဘာပတ်လမ်းအတွင်း နေရာချထားပေးနိုင်ခြင်းဖြစ်သည်။

ယင်းသို့နေရာချထားပြီးနောက် ၅၆ မိနစ်အကြာတွင် ထိုဂြိုဟ်တုသည် ပြည်ပ ရှိမြေပြင် ထိန်းချုပ်ရေးစခန်းနှင့် အဆက်အသွယ်ရရှိကြောင်း၊ ထို့ကြောင့် ဂြိုဟ်တုသည် ပုံမှန်လုပ်ငန်းများကို ဆောင်ရွက်နိုင်နေပြီ ဖြစ်ကြောင်း သိရသည်။

Source: https://myawady.net.mm/