အသက် (၁၉) နှစ်အရွယ် တိုက်စစ်မှူး ပီတာအောင်ဝေထူးကို ရှမ်းယူနိုက်တက်အသင်းခေါ်ယူ

News Image

  • အသက် (၁၉) နှစ်အရွယ် တိုက်စစ်မှူး ပီတာအောင်ဝေထူးကို ရှမ်းယူနိုက်တက်အသင်းခေါ်ယူ

၂၀၂၅ – ၂၀၂၆ ဘောလုံးရာသီအတွက် အသက် (၁၉)နှစ်အရွယ် တိုက်စစ်မှူး ပီတာအောင်ဝေထူးအား ရှမ်းယူနိုက်တက်အသင်းက ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အသင်းကတရားဝင်ထုတ်ပြန်ထားသည်။

၎င်းသည် ရန်ကုန် ယူနိုက်တက်အသင်း၊ ဧရာဝတီ ယူနိုက်တက်အသင်း၊ ဒဂုံစတား ယူနိုက်တက်အသင်းတို့တွင် ကစားခဲ့သူဖြစ်ပြီး ၂၀၂၄ – ၂၅ ဘောလုံး ရာသီအတွင်း ဒဂုံစတား အသင်းအတွက် (၆) ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု (၂) ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သူဖြစ်သည်။

ထို့ပြင် ရှမ်းပြည်နယ် ကိုယ်စားပြု ရှမ်းယူနိုက်တက်အသင်းဖြစ်သည် ပြည်တွင်း၊ ပြည်ပ ကစားသမားခေါ်ယူမှုများ ဆက်လက်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ရှမ်းယူနိုက်တက် အသင်းသည် လာမည့်ဘောလုံးရာသီတွင် ပြည်တွင်းပြိုင်ပွဲ (၂) ခုဖြစ်သည့် Myanmar National Lea gue Cup နှင့် Myanmar National League တို့ကို ယှဉ်ပြိုင်သွားရမည့်အပြင် ပြည်ပပြိုင်ပွဲ (၂)ခုဖြစ်သည့် Shopee Cu p နှင့် AFC Challenge League တို့အား အကောင်းဆုံး ပုံစံဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်လျက်ရှိသည်ဟု အသင်း၏ အသိပေးချက်အရ သိရသည်။

Source: Popular Myanmar