ထိုင်းနိုင်ငံက ဘေးအန္တရာယ် သတိပေးချက်စနစ်ကို စမ်းသပ်မည်
ထိုင်းနိုင်ငံက လက်ကိုင်ဖုန်းများမှတစ်ဆင့် ဘေးအန္တရာယ် သတိပေးချက်စနစ်ကို စမ်းသပ်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ဧပြီလ ၂၃ ရက်တွင်ပြောသည်။
အဆိုပါစနစ်ကို လက်ကိုင်ဖုန်းမှ တစ်ဆင့်သတိပေးစနစ်ဟုခေါ်ဆိုပြီး လာမည့်လတွင် ဘန်ကောက်မြို့အပါအဝင် နယ်မြေအချို့၌ စမ်းသပ်သွားမည်ဖြစ်ကြောင်း သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် လျော့ပါးရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဖာဆာကွန်ဘွန်းယာလက် ကပြောသည်။
ထိုစနစ်သည် မိုဘိုင်းကွန်ရက်သုံးခုကို အသုံးပြု၍ သတိပေးချက်များ ပေးပို့သွားမည်ဖြစ်ပြီး သဘာဝဘေးအန္တရာယ်သာမက လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကိုလည်း သတိပေးသွားမည်ဖြစ်ကြောင်း ၎င်းကသတင်းစာ ရှင်းလင်းပွဲ၌ပြောသည်။
ထိုစနစ်အရ လက်ကိုင်ဖုန်းများတွင် ထိုင်း-အင်္ဂလိပ် နှစ်ဘာသာဖြင့် သတိပေး စာသားများနှင့်အတူ ဥဩဆွဲသံများလည်း ထွက်ပေါ်လာမည်ဖြစ်သည်။ ထိုစနစ်စမ်းသပ်မှုကို မေလ ၂ ရက်မှစ၍ မေလ ၁၃ ရက် အထိ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
Source: https://myawady.net.mm/