အစ္စတန်ဘူလ်ကမ်းရိုးတန်းအနီး ရစ်ချက်စတာစကေး ၆.၂ ရှိ ငလျင် လှုပ်ခတ်
တူရကီအရေးပေါ်နှင့် သဘာဝဘေးစီမံခန့်ခွဲမှုဌာန (AFAD) ၏ ထုတ်ပြန်ချက်အရ ဗုဒ္ဓဟူးနေ့ (ဧပြီ၂၃) တွင် အစ္စတန်ဘူလ်ကမ်းရိုးတန်းအနီး၌ ရစ်ချက်စတာစကေး ၆.၂ ရှိ ငလျင် လှုပ်ခတ်ခဲ့ကြောင်းသိရှိရသည်။
ငလျင်ဗဟိုချက်သည် အစ္စတန်ဘူလ်မြို့၏ အနောက်ဘက် ကီလိုမီတာ ၇၀ (မိုင် ၄၀) အကွာ မာမာရာပင်လယ်အတွင်း ဆီလီဗရီ မြို့အနီးတွင် လှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲငလျင်ငယ်များ ဆက်လက်လှုပ်ခတ် နေကြောင်း AFAD က ပြောကြားခဲ့သည်။
တူရကီပြည်ထဲရေးဝန်ကြီး အလီ ယာလီကာယာ၏ ပြောကြားချက်အရ ငလျင်သက်ရောက်ရာဒေသတစ်ဝိုက်တွင် ကယ်ဆယ်ရေးနှင့် ရှာဖွေရေး အဖွဲ့များ စတင်လှုပ်ရှားဆောင်ရွက်နေပြီဖြစ်ကြောင်းသိရှိရသည်။
ယခင်နှစ် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တူရကီနိုင်ငံသည် ယခုရာစုအတွင်း အသေအပျောက်အများဆုံး ရစ်ချက်စတာစကေး ၇.၈ ရှိ ငလျင် တစ်ခုကို ကြုံတွေ့ခဲ့ရသည်။
ကိုးကား-CNN
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂