ပုပ်ရဟန်းမင်းကြီး ဈာပနာ ဒေါ်နယ်ထရမ့် တက်ရောက်မည်

News Image

  • ပုပ်ရဟန်းမင်းကြီး ဈာပနာ ဒေါ်နယ်ထရမ့် တက်ရောက်မည်

ဧပြီ ၂၁ ရက်တွင် သက်တော် ၈၈ နှစ်ဖြင့် ကွယ်လွန်သွားသော ပုပ်ရဟန်း မင်းကြီးဖရန်စစ်၏ ဈာပနာအခမ်းအနားသို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် တက်ရောက်မည် ဖြစ်ကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ   ကယ်ရိုလိုင်းလီဗစ်က သတင်းထောက်များအား တရားဝင် ပြောကြားလိုက်ပါသည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ဈာပနာအခမ်းအနားကို ဧပြီ ၂၆ ရက် (စနေနေ့) တွင် ဗာတီကန်မြို့ရှိ St. Peter’s Basilica ဘုရားကျောင်း၌ ကျင်းပမည်ဟု သိရပါသည်။ 

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃