Google ၏ Chrome Browser ကို ရောင်းချရန် အမေရိကန်တရားရေး တောင်းဆို
အမေရိကန်တရားရေးဌာန (DOJ) သည် Google ၏ အင်တာနက် ရှာဖွေရေးဈေးကွက် ထိန်းချုပ်နေမှုအား ပြင်းထန်စွာ စစ်ဆေးလျက်ရှိပြီး ၎င်း၏ Chrome Browser ကို လက်လွတ်ပေးရန် အပါအဝင် အရေးယူ မှုများ ပြုလုပ်ရန် တောင်းဆိုထားပါသည်။
၂၀၂၃ ခုနှစ်၊ ဩဂုတ်လက တရားရုံးသည် Google အား ရှာဖွေရေး ဈေးကွက်တွင် တရားမဝင် လက်ဝါးကြီးအုပ်မှုဖြင့် အပြစ်ရှိကြောင်း အမိန့်ချမှတ်ထားပါသည်။
တရားရုံးသည် Google အနေဖြင့် ရှာဖွေရေးအင်ဂျင် Chrome Browser ကို အပြီးတိုင် ရောင်းချရန်၊ စမတ်ဖုန်းများနှင့် အခြားကိရိယာများတွင် Google အား ပုံသေရှာဖွေရေး အင်ဂျင်အဖြစ် သတ်မှတ်ထားသော သဘောတူညီချက်များကို ဖျက်သိမ်းရန်၊ ဈေးကွက် တရားမျှတမှုရှိရေးအတွက် ပြိုင်ဘက်များနှင့် အရေးကြီးဒေတာများကို မျှဝေရန် တောင်းဆို ထားပါသည်။
အမေရိကန်ပြည်ထောင်စု ကိုလံဘီယာခရိုင်တရားရုံး၏ တရားသူကြီး Amit P. Mehta သည် အစိုးရနှင့် Google တို့၏ အငြင်းပွားမှုများကို ကြားနာမည်ဖြစ်ပြီး ယခုနှစ်နွေရာသီ အကုန်တွင် အပြီးသတ် ဆုံးဖြတ်ပေးမည်ဖြစ်ပါသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃