ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ဈာပနအခမ်းအနားကို ရောမမြို့၌ကျင်းပ
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ဈာပန အခမ်းအနားကို ရောမမြို့တော်ရှိ ဆန်တာမာရီယာ မက်ဂီရော်၌ ဧပြီလ ၂၆ ရက်တွင် ကျင်းပခဲ့ကြောင်းသိရသည်။
ဈာပနအခမ်းအနားကို ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ပုပ်ရဟန်းမင်းကြီး၏ ရုပ်အလောင်းဂူသွင်းသင်္ဂြိုဟ်ခြင်းကို မွန်းလွဲ ၁ နာရီခွဲတွင် အပြီးကျင်းပခဲ့ခြင်းဖြစ်သည်။ ဈာပနအခမ်းအနားကို ကာဒီနယ် ချိန်ဘာလန်ဂို၏ ဦးဆောင်မှုဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး ရိုမန်ကက်သလစ်ဘာသာဝင်တို့၏ ထုံးတမ်းဓလေ့နှင့်အညီ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပုပ်ရဟန်းမင်းကြီး၏ နောက်ဆုံးနှုတ်ဆက်ပွဲဈာပနအခမ်းအနားကို ဗာတီကန်စီးတီး၌လည်း ကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားသို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အပါအဝင် နိုင်ငံ့အကြီးအကဲ ၅၀ ခန့်တက်ရောက်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ ရုရှားယဉ်ကျေးမှုဝန်ကြီး အိုလ်ဂါ လူဘီမိုဗာ တက်ရောက်ခဲ့ကြောင်းသိရသည်။
ပုပ်ရဟန်းမင်းကြီးသည် သက်တော် ၈၉ နှစ်အရွယ် ဧပြီလ ၂၁ရက်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ဈာပနအခမ်းအနားသို့ လူပေါင်းသိန်းချီ၍ လိုက်လံပို့ဆောင်ခဲ့ကြောင်းသိရသည်။
Ref: Ivt