သက်ရှိထင်ရှား ကမ္ဘာ့အရပ်အရှည်ဆုံးလူသား
ယနေ့ကမ္ဘာပေါ်တွင် အရပ်အရှည်ဆုံးလူသားမှာ တူရကီနိုင်ငံသား ဆူလတန် ကိုဆမ်း (Sultan Kösen) ဖြစ်ပါသည်။ ၎င်းကို ၁၉၈၂ ခုနှစ် ၊ ဒီဇင်ဘာလ ၁၀ ရက်တွင် မွေးဖွားခဲ့ပါသည်။ ကိုဆမ်းသည် လယ်သမားတစ်ဦး ဖြစ်ပါသည်။ ၎င်း၏ အရပ်အမြင့်မှာ ၂၅၁ စင်တီမီတာ ၈ ပေ ၂.၈၂ လက်မ ရှိသဖြင့် ကမ္ဘာပေါ်တွင် အရပ်အရှည်ဆုံးလူသားအဖြစ် ၂၀၁၀ ပြည့်နှစ်တွင် ဂရင်းနစ်စံတော်ချိန် တင်ခံထားရသူဖြစ်ပါသည်။
ဆူလတန် ကိုဆန်း၏ ကိုယ်ခန္ဓာကြီးထွားမှုသည် gigantism နှင့် acromegaly ဆိုင်ရာ ရောဂါများကြောင့်ဖြစ်ပြီး၊ ဦးနှောက်အတွင်းရှိ pituitary gland ကို ထိခိုက်စေသော အကျိတ်တစ်ခုကြောင့် ဟော်မုန်းများ ပုံမှန်မဟုတ်ဘဲ ထုတ်လုပ်မှုများပြားခြင်းကြောင့် ဖြစ်ပါသည်။
ကိုးကား- ဝီကီပီးဒီးယား
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃
MM-News-Category