သက်ရှိထင်ရှား ကမ္ဘာ့အရပ်အပုဆုံးလူသား
ကမ္ဘာ့အရပ်အပုဆုံးလူသားမှာ အာရပ်စော်ဘွားများနိုင်ငံ (ယူအေအီး) နိုင်ငံသား Afshin Ghaderzadeh ဆိုသူဖြစ် ပါသည်။ ၎င်းကို ၂၀၀၂ ခုနှစ် ၊ ဇူလိုင် ၁၃ ရက်တွင် အီရန်နိုင်ငံ၌ မွေးဖွားခဲ့ပါသည်။ ၎င်း၏ အရပ်အမြင့် မှာ ၂၀၂၂ ခုနှစ်တွင် တိုင်းတာချက်အရ ၆၅.၂၄ စင်တီမီတာ (၂ ပေ ၁.၆၈ လက်မ)ရှိသဖြင့် သက်ရှိထင်ရှား ကမ္ဘာ့အရပ်အပုဆုံးလူသားအဖြစ် ဂရင်းနစ် စံချိန် မှတ်တမ်းဝင်ခဲ့ပါသည်။
Afshin သည် ဂင်းနစ်ကမ္ဘာ့စံချိန်မှ အတည်ပြုထားသော စတုတ္ထမြောက် အရပ်အပုဆုံး လူသားဖြစ်ပါသည်။ မွေးဖွားချိန်ကိုယ်အလေးချိန်မှာ ၇၀၀ ဂရမ် (၁.၅ ပေါင်) ရှိပြီး လက်ရှိအချိန်တွင် ၆.၅ ကီလိုဂရမ်နီးပါး (၁၄.၃ ပေါင်) ရှိပါသည်။
၎င်းသည် ကာတွန်းကားကြည့်ရှုခြင်း၊ လူမှုမီဒီယာသုံးစွဲခြင်းနှင့် ဘောလုံးပွဲ များ ကြည့်ရှုခြင်းတို့ကို အထူးစိတ်ဝင်စားပါသည်။
၎င်း၏ ထူးခြားသော ရုပ်ပိုင်းဆိုင်ရာ အခြေအနေကြောင့် ကမ္ဘာတစ်ဝှမ်းမှ လူသိများပြီး ၎င်း၏ ရဲရင့်မှုနှင့် ပျော်ရွှင်သော ဘဝနေထိုင်မှုပုံစံအတွက် လူအများ၏ အားကျအတုယူမှုကို ရရှိထားသူဖြစ်သည်။
ကိုးကား - ဂရင်းနစ်ကမ္ဘာ့မှတ်တမ်း website
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃