မွန်ဂိုလီးယားနိုင်ငံ၌ ဝက်သက်ရောဂါဖြစ်ပွားသူ ၁၀၃၅ ဦးရှိ
အူလန်ဘာတာ မေ ၁
မွန်ဂိုလီးယားနိုင်ငံ၌ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဝက်သက်ရောဂါဖြစ်ပွားသူ ၄၉ ဦးရှိရာ နိုင်ငံတစ်ဝန်း ရောဂါဖြစ်ပွားသူပေါင်း ၁၀၃၅ ဦးရှိကြောင်း နိုင်ငံ၏ အမျိုးသားရောဂါ ကူးစက်ပျံ့နှံ့မှုဆိုင်ရာစင်တာ (အင်န်စီစီဒီ) က မေ ၁ ရက်တွင် ထုတ်ပြန်ထားသည်။
ရောဂါကူးစက်ခံရသူ အများစုမှာ ကျောင်းနေအရွယ်ကလေးများဖြစ်ပြီး ၎င်းတို့သည် ဝက်သက်ရောဂါကာကွယ်ဆေး တစ်ကြိမ်သာ ထိုးနှံထားသူများဖြစ်ကြောင်း အဆိုပါ စင်တာက ထုတ်ပြန်ချက်တွင် ပြောကြားသည်။
အင်န်စီစီဒီက ဝက်သက်ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံမှုခံယူခြင်းဖြင့် ဖြစ်နိုင်ခြေရှိသည့် ပြင်းထန်ရောဂါများမှ ကလေးများကို ကာကွယ်ရန် မိဘများအား အကြံပြုထားသည်။
ဝက်သက်ရောဂါသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ အမှုန်အမွှားများနှင့် တိုက်ရိုက်ဆက်သွယ်မှုများမှတစ်ဆင့် ကူးစက်တတ်သော ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်သည်။
Source: မြန်မာ့အလင်းသတင်းစာ
MM-News-Category