ရန်ကုန်-ပဲခူးကားလမ်းတွင် လမ်းဘေးရပ်ထားသည့် ၁၈ ဘီးကားကို ၆ ဘီးကားကအနောက်မှဝင်တိုက် ၁ ဦး‌သေဆုံး

News Image

  • ရန်ကုန်-ပဲခူးကားလမ်းတွင် လမ်းဘေးရပ်ထားသည့် ၁၈ ဘီးကားကို ၆ ဘီးကားကအနောက်မှဝင်တိုက် ၁ ဦး‌သေဆုံး

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ ရန်ကုန်-ပဲခူးကားလမ်းမကြီးပေါ်တွင် လမ်းဘေးရပ်ထားသည့် ၁၈ ဘီးကားကို ၆ ဘီးကားမှဝင်တိုက်မိခဲ့မှု မေလ ၄ ရက် မွန်းတည့် ၁၂ နာရီကျော်ခန့်ကဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

လှည်းကူးမြို့နယ်၊ ရဲမွန်ကျေးရွာရှိ ရန်ကုန်-ပဲခူးကားလမ်းမဘေးတွင်ရပ်ထားသော NISSAN (၁၈)ဘီးကားအား MITSUBISHI CANTER (၆)ဘီးကားက အရှိန်မထိန်းနိုင်ဘဲနောက်မှဝင်တိုက်မိကာ ကားခေါင်းခန်းအတွင်း၌ လူညပ်နေသဖြင့် လှည်းကူးမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များက ကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်ကြောင့် ၆ ဘီးကားပေါ်မှ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌‌ သေဆုံးသွားခဲ့ပြီး အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၂)ဦးတို့တွင်လည်း ထိခိုက်ဒဏ်ရာများ (စိုးရိမ်ရနှင့် မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ‌သေဆုံးသူ၏ ရုပ်အလောင်းနှင့် ထိခိုက်ဒဏ်ရာရသူများအား လှည်းကူးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ဓမ္မဂုဏ်ရောင် လူမှုကူညီရေးအသင်း၊ ဂရုဏာ လူမှုကူညီရေးအသင်း၊ Medical လူငယ်များ လူမှုကူညီရေးအသင်းတို့မှ လှည်းကူးမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Source: Popular Myanmar