3 H Arts Production က ရိုက်ကူးထုတ်လုပ်သည့် ၂ ညအိပ် ၃ ရက် ရုပ်ရှင်ဇာတ်ကားကို ဩဂုတ်လအတွင်း ရုံတင်ပြသမည်

News Image

  • 3 H Arts Production က ရိုက်ကူးထုတ်လုပ်သည့် ၂ ညအိပ် ၃ ရက် ရုပ်ရှင်ဇာတ်ကားကို ဩဂုတ်လအတွင်း ရုံတင်ပြသမည်

ရန်ကုန်  ဇွန် ၂၄

3 H Arts Production က ရိုက်ကူးထုတ်လုပ်သည့် ၂ ညအိပ် ၃ ရက် ရုပ်ရှင်ဇာတ်ကားကို ဩဂုတ်လအတွင်း နိုင်ငံတစ်ဝန်းရှိ ရုပ်ရှင်ရုံများတွင် ရုံတင်ပြသသွားမည်ဖြစ်ကြောင်း အဆိုပါ ရုပ်ရှင်ဇာတ်ကားကို တာဝန်ယူပုံဖော်ရိုက်ကူးထားသူ ဒါရိုက်တာ အောင်ချမ်းလူ ထံမှ သိရသည်။

အဆိုပါ ၂ ညအိပ် ၃ ရက် ရုပ်ရှင်ဇာတ်ကား၏ ဝတ္ထုဇာတ်လမ်းကို ဒါရိုက်တာ အောင်ချမ်းလူ က ခံစားရေးဖွဲ့ထားပြီး ဒါရိုက်တာ အောင်ချမ်းလူ ကပင် 3 H Arts Production အတွက် တာဝန်ယူပုံဖော် ရိုက်ကူးပေးထားခြင်းဖြစ်ကြောင်း သိရသည်။

“သည်းထိတ်ရင်ဖိုနဲ့ ချစ်မေတ္တာဖွဲ့ တွဲစပ်ထားတဲ့ ရုပ်ရှင်ဇာတ်ကားလေးပါ။ ဩဂုတ်လအတွင်း ရုံတင်မှာဖြစ်ပါတယ်။ ရုံးတင်ထားပြီးဖြစ်တဲ့ နေမဝင်ရွာကို ကြိုက်ကြတဲ့ ပရိသတ်တွေအတွက် နောက်ထပ်ခံစားမှု အသစ်အဆန်းဇာတ်ကားလေးဖြစ်မှာပါ” ဟု ဒါရိုက်တာ အောင်ချမ်းလူ က ပြောပြသည်။

၂ ညအိပ် ၃ ရက် ရုပ်ရှင်ဇာတ်ကားတွင် သရုပ်ဆောင်များအဖြစ် ကျော်ရဲအောင်၊ အေးချမ်းမောင်၊ ခင်လှိုင်၊ ဝေဖြိုး၊ ရဲထွဋ်၊ မင်းခေါင်း၊ နေသစ်အေးအောင်၊ အလှမယ် အိအိအောင်ထွန်း(မီးမီး) နှင့် သရုပ်ဆောင်များစွာ ပါဝင်ထားကြောင်း သိရသည်။ 

Source: ရတနာပုံသတင်းစာ