(၁၉)ကြိမ်မြောက် ကလောမြို့လုံးကျွတ် မဟာတန်ဆောင်တိုင် ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံ ထွန်းညှိ ပူဇော်ပွဲစည်ကားသိုက်မြိုက်စွာကျင်းပမည်

News Image

  • (၁၉)ကြိမ်မြောက် ကလောမြို့လုံးကျွတ် မဟာတန်ဆောင်တိုင် ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံ ထွန်းညှိ ပူဇော်ပွဲစည်ကားသိုက်မြိုက်စွာကျင်းပမည်

ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့၌ နှစ်စဉ်ကျင်းပလျက်ရှိသည့် (၁၉)ကြိမ်မြောက် မြို့လုံးကျွတ် မဟာတန်ဆောင်တိုင် ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူ‌ဇော်ပွဲကို တန်ဆောင်းမုန်းလပြည့်ကျော် ၁ ရက်တွင် ကလောမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကလောမြို့ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူဇော်ပွဲသည် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ အများဆုံးလာရောက်လည်ပတ်ကြသောပွဲတော်ဖြစ်ပြီး ပွဲတော်ကို ကလောမြို့နယ်အတွင်း ရပ်ကွက်/ ‌ကျေးရွာနေဒေသခံပြည်သူများ၊ တိုင်းရင်းသား၊ တိုင်းရင်းသူများစုပေါင်း၍ မြို့ပေါ်ရပ်ကွက်များက မီးရှော်တိုင်များပြုလုပ်၍ ဘုရားမီးပူဇော်ကြခြင်း၊ မီးကြာစံအဖွဲ့များက မီးကြာအလှအပတို့ဖြင့် မြို့တွင်းလှည့်လည်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

ကလောမြို့သည် ခရီးသွားမြို့တော်ဖြစ်ပြီး ပွင့်လင်းရာသီဖြစ်သည့်အတွက် ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူဇော်ပွဲကို အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်နိုင်ရန် ဖိတ်‌ခေါ်လိုက်ရပါသည်။

Source- မြန်မာ့အလင်း