မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဘုရားဖူးလာပြည်သူများဖြင့် စည်ကား

News Image

  • မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဘုရားဖူးလာပြည်သူများဖြင့် စည်ကား

မကွေးတိုင်းဒေသကြီး မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လဆန်း ၁၀ ရက်မှ သီတင်းကျွတ်လပြည့်‌ကျော် ၁၄ ရက်(အောက်တိုဘာ ၁၂ ရက်မှ ၃၁ ရက်)အထိ ရက်ပေါင်း ၂၀ ကြာအစဉ်အလာမပျက် ကျင်းပလျက်ရှိကြောင်း၊ အဆိုပါ ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီး အထိမ်းအမှတ် ဆီမီး ၉၀၀၀၊ ပန်း ၉၀၀၀၊ နံ့သာ ၉၀၀၀ ထွန်းညှိကပ်လှူပူဇော်ပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ များအပြင် ဈေးဆိုင်တန်းများ၊ စားသောက်ဆိုင်များ၊ ကစားကွင်းများ၊ ဒေသထွက်ကုန် အရောင်းဆိုင် များနှင့် အညာဒေသ ရိုးရာမုန့်ဆိုင်တန်းများဖြင့် စုံစုံလင်လင်ခင်းကျင်းရောင်းချပေးလျက်ရှိကာ အနယ်နယ်အရပ်ရပ်မှ လာရောက်သော ဘုရားဖူး ရဟန်းရှင်လူမိဘပြည်သူများဖြင့် နေ့စဉ်အထူး စည်ကားများပြားလျက်ရှိကြောင်း သိရသည်။ 

‌အောင်ကို (ဖန်ခါးမြေ) 

Source- Myanmar National Portal