တရားမဝင်ကုန်စည်များ ဖမ်းဆီးရမိရန် သတင်းပေးခဲ့သည့် ပြည်သူများအား သတင်းပေးဆုကြေးငွေအဖြစ် ငွေကျပ်သန်း ၂၁၁၈ ဒသမ ၅၇၀ ကို ချီးမြှင့်ပေးသွားမည်

News Image

  • တရားမဝင်ကုန်စည်များ ဖမ်းဆီးရမိရန် သတင်းပေးခဲ့သည့် ပြည်သူများ အား သတင်းပေးဆုကြေးငွေအဖြစ် ငွေကျပ်သန်း ၂၁၁၈ ဒသမ ၅၇၀ ကို ချီးမြှင့်ပေးသွားမည်

တရားမဝင်ကုန်စည်များနှင့် အဆိုပါကုန်စည်များ တင်ဆောင်လာသည့် ရေယာဉ်၊ မော်တော်ယာဉ်များနှင့် ငါးဖမ်းစက်လှေများ ဖမ်းဆီးရမိရန် သတင်းပေးခဲ့ကြသည့် ပြည်သူများအား သတင်းပေးဆုကြေးငွေအဖြစ် ငွေကျပ်သန်း ၂၁၁၈ ဒသမ ၅၇၀ ကို ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

အဆိုပါ တာဝန်သိပြည်သူများ၏ သတင်းပေးတိုင်ကြားမှုများကြောင့် ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း သတင်းရရှိမှု ၁၀၁ ကြိမ်ရရှိခဲ့ပြီး သတင်းမှား ငါးကြိမ်၊ နောက်ကျသတင်းလေးကြိမ်နှင့် ဖမ်းဆီးရမိမှု ၉၂ ကြိမ်ကို အမှုတွဲ ၂၀၇ မှု ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ ခန့်မှန်းငွေကျပ် ၁၀၅၉၂ ဒသမ ၈၅၄ သန်း တန်ဖိုးရှိ တရားမဝင်ကုန်စည်များကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဖမ်းဆီးရမိခဲ့သည့် ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၅၉၂ ဒသမ ၈၅၄ သန်း၏ ၂၀ ရာခိုင်နှုန်းဖြစ်သော ငွေကျပ်သန်း ၂၁၁၈ ဒသမ ၅၇၀ ကို သတင်းပေးဆုကြေးငွေအဖြစ် ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာဌာနများမှ မြန်မြန်ဆန်ဆန် ဆုချီးမြှင့်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တာဝန်သိပြည်သူများအနေဖြင့် တရားမဝင်ကုန်သွယ်မှု သတင်းများနှင့်ပတ်သက်၍ ဖုန်း ၀၉-၄၀၄၃၃၉၉၆၉ ၊ ၀၆၇-၄၀၉၈၈၃ နှင့် အီးမေးလ် antiillegaltradeinfo@gmail.com သို့ သတင်းပေးပို့ တိုင်ကြားနိုင်ကြောင်းလည်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှသိရသည်။

ကိုးကား- MHT