သီရိလင်္ကာ၌ ခရီးသည်တင်ဘတ်စကား ချောက်ထဲထိုးကျမှုကြောင့် လူ ၂၁ ဦးသေဆုံး

News Image

  • သီရိလင်္ကာ၌ ခရီးသည်တင်ဘတ်စကား ချောက်ထဲထိုးကျမှုကြောင့် လူ ၂၁ ဦးသေဆုံး

ကိုလံဘို  မေ ၁၁

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့၌ အရှေ့ဘက် ၈၆ မိုင်ခန့်အကွာတွင် ယနေ့ ခရီးသည်တင်ဘတ်စကားတစ်စီး တောင်ပေါ်လမ်းမှ ချောက်ထဲသို့ ထိုးကျခဲ့ကြောင်း သိရသည်။

ခရီးသည်တင် ဘတ်စကားချောက်ထဲထိုးကျမှုသည် ကော့မာလီအမည်ရှိ မြို့ငယ်တစ်မြို့အနီး ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်အတွင်း လူ ၂၁ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

ထို့ပြင် အဆိုပါ ခရီးသည်တင်ဘတ်စကား မတော်တဆမှုတွင် လူ ၁၄ ဦးလည်း ဒဏ်ရာများရရှိခဲ့ကြောင်း သီရိလင်္ကာတာဝန်ရှိသူများက ပြောကြားထားသည်။

ချောက်ထဲထိုးကျခဲ့သည့် ခရီးသည်တင်ဘတ်စကားပေါ်တွင် လူဦးရေ ၅၀ ခန့် လိုက်ပါလာကြောင်း သိရသည်။

အဆိုပါ ခရီးသည်တင်ဘတ်စကားမှာ နိုင်ငံပိုင်ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်သည့် ခရီးသည်တင် ဘတ်စကားဖြစ်ကြောင်း သီရိလင်္ကာတာဝန်ရှိသူများက ပြောကြားထားသည်။

သီရိလင်္ကာနိုင်ငံ၌ အထူးသဖြင့် တောင်ကုန်းတောင်တန်းထူထပ်သည့် ဒေသများ၌ ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားတတ်ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ