RMIT မှအင်ဂျင်နီယာများက ရေပြတ်လပ်မှုအတွက်အသုံးဝင်မည့် စမတ်ရေမြှုပ်ကိုတီထွင်

News Image

  • RMIT မှအင်ဂျင်နီယာများက ရေပြတ်လပ်မှုအတွက်အသုံးဝင်မည့် စမတ်ရေမြှုပ်ကိုတီထွင်

ဆစ်ဒနီ၊ တီထွင်ဆန်းသစ်မှု

ဩစတြေးလျနိုင်ငံ တော်ဝင်မဲဘုန်းနည်းပညာတက္ကသိုလ် (RMIT)မှ အင်ဂျင်နီယာများက ရေပြတ်လပ်မှုအတွက်အသုံးဝင်မည့် စမတ်ရေမြှုပ်တစ်မျိုးကိုတီထွင်လိုက်ကြောင်း အဆိုပါတက္ကသိုလ်က မေလ ၈ ရက်တွင်ထုတ်ပြန်ကြေညာသည်။

အဆိုပါစမတ်ရေမြှုပ်သည် သာမန်ရေမြှုပ်ကဲ့သို့သောပစ္စည်းတစ်ခုဖြစ်ပြီး ၎င်း၏ လုပ်ဆောင်ချက်မှာ လေထုထဲမှရေကိုဖမ်းယူကာ နေရောင်ခြည်စွမ်းအင်ကိုအသုံးပြုခြင်းဖြင့် ရေကိုပြန်လည်ထုတ်ပေးခြင်း ဖြစ်သည်။

ထိုစမတ်ရေမြှုပ်သည် သစ်သားအခြေခံကုန်ကြမ်းပစ္စည်းကိုအဆင့်မြှင့်တင်ထားခြင်းဖြစ်ပြီး ခြောက်သွေ့သောရာသီဥတု၌ပင် လေထုထဲမှရေငွေ့များကို ကောင်းစွာစုပ်ယူနိုင်စွမ်းရှိကာ နေရောင်ခြည်ရရှိရုံဖြင့်ပင် ထိုရေငွေ့များမှနေ၍ ရေကိုပြန်လည်ထုတ်ပေးနိုင်စွမ်းရှိကြောင်း RMIT တက္ကသိုလ်၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

လက်တွေ့စမ်းသပ်မှုများအရ အဆိုပါရေမြှုပ်တစ်ဂရမ်က ရေ ၂ မီလီလီတာကိုထုတ်ပေးနိုင်ကြောင်းတွေ့ရှိရပြီး အဖုံးတစ်ခု၊ အအေးပေးစနစ်တစ်ခုနှင့် နေရောင်ခြည်စနစ်တစ်ခုတို့ပါဝင်သည့် ရေခွက်တစ်ခွက်စာရှိရေမြှုပ်စနစ်တစ်ခုက ရေပမာဏ ၁၅ မီလီလီတာကိုထုတ်ပေးနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ဆက်လက်ဖော်ပြထားသည်။

သမားရိုးကျအားဖြင့် ရေများမရရှိနိုင်သည့် ဘေးအန္တရာယ်ကျရောက်နေသော နေရာများ၌ အဆိုပါစမတ်ရေမြှုပ်များက အဖိုးတန်ကာအသုံးဝင်စေမည်ဖြစ်ကြောင်းသိရသည်။

Source: https://myawady.net.mm/

 

Ref: RT