Huawei က PC များအတွက် HarmonyOS PC ကို ထုတ်ဖော်ပြသ

News Image

  • Huawei က PC များအတွက် HarmonyOS PC ကို ထုတ်ဖော်ပြသ

တရုတ်နိုင်ငံရဲ့ Huawei ကုမ္ပဏီက သူတို့ရဲ့နည်းပညာထုတ်ကုန်များအတွက် အနောက်နိုင်ငံများအပေါ် မှီခိုနေရမှုကို တဖြည်းဖြည်းနဲ့လျှော့ချလာတာ အခုဆိုရင် ခရီးတစ်ခုအထိပေါက်နေပြီလို့ဆိုရမှာပါ။ အကြောင်းရင်းကတော့ ကွန်ပျူတာများအတွက် စက်လည်ပတ်မှုစနစ် (OS) ကို ဖန်တီးထုတ်လုပ်လိုက်နိုင်လို့ပါပဲ။

အဲဒီ OS ကိုHarmony OS PC လို့အမည်ပေးထားပါတယ်။ ဒီစနစ်ဟာ Huawei ကုမ္ပဏီရဲ့ ပင်တိုင်စစ်စစ် OS တစ်ခုပါ။

ဒီ OS ကို Huawei ရဲ့ Harmony OS Computer Technology and Ecosystem Communication ဆိုတဲ့ပွဲမှာ တရားဝင် ထုတ်ဖော် မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

အဲဒီ OS မှာအမျိုးအစား သုံးမျိုးရှိပြီး အဲဒါတွေကတော့ Harmony OS Base၊ Harmony OS Ecosystem နဲ့ Harmony OS Experience တို့ပဲဖြစ်ပါတယ်။

Harmony OS Base မှာ Harmony OS kernel ကိုအဓိက အသုံးပြုထားတာဖြစ်ပြီး ဂရပ်ဖစ်ပိုင်းနဲ့ အသွင်အပြင်ပိုင်းမှာဆိုရင် Ark Engine ကိုအသုံးပြုထားတာဖြစ်ပါတယ်။ လုံခြုံရေးအတွက်ဆိုရင်တော့ Star Shield ကိုအသုံးပြုထားတာပါ။ ဒါ့အပြင် တခြားသော လုပ်ဆောင်ချက်များစွာကိုလည်း ထည့်သွင်းပေးထားတယ်လို့သိရပါတယ်။

Harmony OS Ecosystem မှာဆိုရင် အထူးအပလီကေးရှင်းပေါင်း ၁၅၀ ကျော်နဲ့အတူ တစ်ကမ္ဘာလုံးမှာ အသုံးပြုနေတဲ့ အပလီကေးရှင်းပေါင်း ၂၀၀၀ ကျော်နဲ့ လိုက်လျောညီထွေဖြစ်အောင် ဖန်တီးထားပါတယ်။ Harmony OS Experience မှာဆိုရင် ပြင်ပဆက်စပ်ကိရိယာပေါင်း ၁၀၀၀ ကျော်နဲ့ချိတ်ဆက်နိုင်ဖို့ထောက်ပံ့ပေးထားပါတယ်။  

Source: https://myawady.net.mm/