ထိုင်းနိုင်ငံတွင် ဆိုလာဈေးနှုန်းများ ကျဆင်းလာသောကြောင့် အလုအယက် တပ်ဆင်နေကြ

News Image

  • ထိုင်းနိုင်ငံတွင် ဆိုလာဈေးနှုန်းများ ကျဆင်းလာသောကြောင့် အလုအယက် တပ်ဆင်နေကြ

ဆိုလာပြားကုန်ကျစရိတ်များ ကျဆင်းလာခြင်း၊ စည်းမျဉ်းများ ဖြေလျှော့ခြင်းနှင့် အမေရိကန် အခွန်ကောက်ခံမှုများကြောင့် ကုန်သွယ်မှုအပြောင်းအလဲများဖြစ်လာခြင်းတို့ကြောင့် ထိုင်းနိုင်ငံ၏ အိမ်ခေါင်မိုးများပေါ်တွင် ဆိုလာပြားများ အများအပြား တပ်ဆင်လာကြသည်။ ဂျာမနီ၊ တရုတ်နှင့် နိုင်ငံစုံကုမ္ပဏီများမှ လုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်ခြင်းဖြင့် ပြည်တွင်း ပြိုင်ဆိုင်မှုများ ပိုမိုပြင်းထန်လာခြင်းကြောင့် စက်မှုလုပ်ငန်းရှင်များအနေဖြင့် ၀ယ်လိုအား မြင့်တက်လာမည်ဟု ခန့်မှန်းထားကြသည်။

ယခုနှစ်တွင် ထိုင်းအစိုးရသည် ခေါင်မိုးပေါ်ရှိ ဆိုလာအသုံးပြုခြင်းအတွက် 1MW ထက်ကျော်လွန်သည့်စနစ်များ တပ်ဆင်သည့်လုပ်ငန်းများသည် စက်ရုံလိုင်စင်ရယူရန်မလိုအပ်တော့ကြောင်း ဥပဒေပြင်ဆင်ပြဋ္ဌာန်းလိုက်ပါသည်။ အဆိုပါမူဝါဒပြောင်းလဲမှုသည် စျေးကွက်ချဲ့ထွင်ရန်အတွက် ခိုင်မာသောအခြေခံအုတ်မြစ်ချပေးသည့် စီးပွားဖြစ်အိမ်ခြံမြေလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်းနှင့် ပညာရေးဆိုင်ရာအဖွဲ့အစည်းများကြားတွင် လက်ခံကျင့်သုံးရန် တွန်းအားပေးဖွယ်ရှိနေပါသည်။ 

တရုတ်ဆိုလာပစ္စည်းထုတ်လုပ်သူ Deye ၏ ထိုင်းစျေးကွက်အကြံပေး ပရာပန် ဟန်ချိုင်း က ဆိုလာပြားများ၏ ကုန်ကျစရိတ်သည် ၂၀၁၀ ပြည့်နှစ်တွင် တစ်မဂ္ဂါဝပ်လျှင် ဘတ်သန်း ၁၅၀ (ဒေါ်လာ ၄.၅ သန်း) မှ ယနေ့အချိန်တွင် ဘတ် ၁၅ သန်း (ဒေါ်လာ ၄၅၀,၀၀၀ ခန့်) ကျဆင်း သွားကြောင်း မှတ်ချက်ပြုခဲ့ပါသည်။ 

နေရောင်ခြည်စွမ်းအင်သုံး PV တပ်ဆင်မှုများကို ဖြည့်စွက်ပေးသည့် ဘက်ထရီ စွမ်းအင်သိုလှောင်မှုစနစ် (BESS)မှ တစ်နာရီ ဝပ် ၅၀၀၀ စနစ်တစ်ခု၏ စျေးနှုန်းသည် ထိုင်းဘတ် ၂ သိန်းခွဲမှ ၂ သိန်းအထိ ကျဆင်းသွားပါသည်။ နေရောင်ခြည်စွမ်းအင်သုံးစွဲမှုသည် ၂၀၂၂ ခုနှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ ၁၈၀၀ မဂ္ဂဝပ်သာ ရှိနေရာမှ ယခုတွင် မဂ္ဂဝပ် ၉၀၀၀ အထိ တက်လာပြီဖြစ်ကြောင်းသိရှိရပါသည်။

ကိုးကား- MNP