ပါကစ္စတန်နှင့် အပစ်အခတ်ရပ်စဲရေး ရယူပြီးနောက် အိန္ဒိယက လေဆိပ် (၃၂) ခု ကို ပြန်လည်ဖွင့်လှစ်

News Image

  • ပါကစ္စတန်နှင့် အပစ်အခတ်ရပ်စဲရေး ရယူပြီးနောက် အိန္ဒိယက လေဆိပ် (၃၂) ခု ကို ပြန်လည်ဖွင့်လှစ်

ပါကစ္စတန်နှင့် အိန္ဒိယတို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပြီးနောက် အိန္ဒိယအစိုးရသည် ၎င်း၏လေဆိပ် (၃၂) ခုကို ပြန်လည် ဖွင့်လှစ်ခဲ့ကြောင်း သိရပါသည်။ လေဆိပ် (၃၂) ခုကို အရပ်ဘက်ဆိုင်ရာ လုပ်ငန်းများချက်ချင်းဆောင်ရွက်နိုင်ရန်အတွက် ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်ဟု အိန္ဒိယလေဆိပ်အာဏာပိုင်အဖွဲ့က ပြောကြားခဲ့ပါသည်။

အိန္ဒိယနှင့်ပါကစ္စတန်တို့ကြားတိုက်ပွဲများ လေးရက်ဆက်တိုက် ဖြစ်ပွားခဲ့ပြီးနောက် အိန္ဒိယအစိုးရသည် ၎င်း၏လေဆိပ်များကို ပိတ်ပစ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါသည်။ ထို့အပြင် ထိပ်တန်းအိန္ဒိယ လေကြောင်းလိုင်း IndiGo က ၎င်းတို့သည် ယခင်ကပိတ်ထားခဲ့သော လမ်းကြောင်းများပေါ်တွင် လုပ်ငန်းဆောင်ရွက်မှုများကို အဆင့်ဆင့် စတင်လုပ်ဆောင်တော့မည်ဟု ထုတ်ပြန်ပြောကြားခဲ့ပါသည်။

 ပြီးခဲ့သည့် ဧပြီလ (၂၂) ရက်က ကက်ရှ်မီးယားပြည်နယ်၌ လူ (၂၆) ဦးကို သေဆုံးစေခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက်အိန္ဒိယနှင့်ပါကစ္စတန်ကြား တင်းမာမှုများ မြင့်တက်လာခဲ့ခြင်းလည်း ဖြစ်ပါသည်။

အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုကို ပါကစ္စတန်အစိုးရက ပံ့ပိုးပေးမှုများ လုပ်ဆောင်ခဲ့သည်ဟု အိန္ဒိယဘက်ကစွပ်စွဲပြောဆိုခဲ့သော်လည်း ပါကစ္စတန် ဘက်က အဆိုပါစွပ်စွဲပြောဆိုချက်များကို ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရပါသည်။

ကိုးကား- NP News