တရုတ်နိုင်ငံက ဆက်သွယ်ရေးနည်းပညာ စမ်းသပ်ဂြိုဟ်တုအမှတ် (၁၉) အား အောင်မြင်စွာ လွှတ်တင်

News Image

  • တရုတ်နိုင်ငံက ဆက်သွယ်ရေးနည်းပညာ စမ်းသပ်ဂြိုဟ်တုအမှတ် (၁၉) အား အောင်မြင်စွာ လွှတ်တင်

တရုတ်နိုင်ငံက ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာ၌ မေ ၁၃ ရက် နံနက် ၂ နာရီ ၀၉ မိနစ်တွင် Long March-3C သယ်ဆောင်ရေးဒုံးပျံဖြင့် ဆက်သွယ်ရေး နည်းပညာ စမ်းသပ်ဂြိုဟ်တု အမှတ် (၁၉) အား ဝေဟင်သို့ အောင်မြင်စွာ လွှတ်တင်ခဲ့ရာ သတ်မှတ်ဂြိုဟ်ပတ်လမ်းအတွင်း အဆင်ပြေချောမွေ့စွာ ဝင်ရောက်သွားပြီး ဂြိုဟ်တုလွှတ်တင်ရေးမစ်ရှင် အပြည့်အဝ အောင်မြင်ခဲ့သည်။ ဆက်သွယ်ရေးနည်းပညာ စမ်းသပ် ဂြိုဟ်တု အမှတ် (၁၉) ကို အဓိကအားဖြင့် ရေဒီယိုလှိုင်းခွင် အမျိုးမျိုးဖမ်းယူနိုင်သည့် မြန်နှုန်းမြင့် ဂြိုဟ်တု ဆက်သွယ်ရေးနည်းပညာ စမ်းသပ်မှုတွင် အသုံးပြုခြင်းဖြစ်သည်။ ယခုအကြိမ် မစ်ရှင်သည် Long March စီးရီး ဂြိုဟ်တုများ၏ ၅၇၄ ကြိမ်မြောက် ပျံသန်းခြင်းဖြစ်သည်။ 

ကိုးကား- Xinhua