ဂါဇာမျိုးဆက်များအနေဖြင့် အငတ်ဘေး၏ အကျိုးဆက်ကို အမြဲတမ်းရင်ဆိုင်ရတော့မည် ဟု WHO သတိပေး

News Image

  • ဂါဇာမျိုးဆက်များအနေဖြင့် အငတ်ဘေး၏ အကျိုးဆက်ကို အမြဲတမ်းရင်ဆိုင်ရတော့မည် ဟု WHO သတိပေး

ဂါဇာဒေသရှိ မျိုးဆက်သစ်လူငယ်များအနေဖြင့် အငတ်ဘေး၏ အကျိုးဆက်ကို အမြဲတမ်းရင်ဆိုင်ရတော့မည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးထားသည်။

ဂါဇာဒေသ၌ အငတ်ဘေး၏ အကျိုးဆက်ဖြစ်သော အာဟာရချို့တဲ့မှုနှုန်းမှာ မြန်ဆန်စွာ မြင့်တက်လာလျက်ရှိကြောင်း၊ ဆေးခန်းလာပြသည့် ကလေးငယ်များကို ကြည့်မည်ဆိုလျှင် ၎င်းတို့၏ အရွယ်က လက်ရှိအသက်ထက် ပိုမိုသေးကွေးနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ကြောင့် အာဟာရပြည့်ဝမှုရှိသော အစားအစာ၊ ရေသန့်နှင့် ကျန်းမာရေးစောင့်ရှောက်မှုကို ပြည့်ပြည့်ဝဝ မရရှိပါက မျိုးဆက်တစ်ခုလုံးအပေါ် သက်ရောက်မှု ရှိစေမည် ဟု ၎င်းက ဆိုသည်။

အစ္စရေးအစိုးရသည် မတ်လ အစောပိုင်းမှစ၍ ဂါဇာဒေသကို ပိတ်ဆို့ထားပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးပစ္စည်းများကို ဝင်ခွင့်မပြုကြောင်း ဂါဇာမှ တာဝန်ရှိသူများက ပြောထားသည်။

Ref : TST

Source: Myawady Daily Newspaper