တိမ်းမှောက်နေသည့်ခရီးသည်တင်ယာဥ်အတွင်းပိတ်မိနေသူများကိုကယ်ထုတ်ပေးခဲ့သော Elite Express ဝန်ထမ်းများကို မှတ်တမ်းတင်ဂုဏ်ပြုလွှာများပေးအပ်

News Image

  • တိမ်းမှော-က်နေသည့်ခရီးသည်တင်ယာဥ်အတွင်းပိတ်မိနေသူများကိုကယ်ထုတ်ပေးခဲ့သော Elite Express ဝန်ထမ်းများကို မှတ်တမ်းတင်ဂုဏ်ပြုလွှာများပေးအပ်

ပြီးခဲ့သည့် မတ် ၂၀ ရက်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၃၄၆/၀ အနီးတွင် အဝေးပြေးခရီးသည်တင်ယာဥ်တစ်စီးတိမ်းမှောက်ကာ လိုက်ပါလာသောခရီးသည်များ ယာဥ်အတွင်း၌ပိတ်မိနေခဲ့ကြောင်း သိရသည်။

ထိုသို့ ပိတ်မိနေသည့်ခရီးသည်များအား မန္တလေးမြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့မောင်းနှင်လာသော Elite Express ယာဥ်လိုင်းမှ ယာဥ်အမှတ် 1F-8742 မှတွေ့ရှိခဲ့သဖြင့် ယာဥ်ပေါ်တွင်တာဝန်ထမ်းဆောင်နေသည့်ဝန်ထမ်းများမှ ပိတ်မိနေသောခရီးသည်(၁၇)ဦးအား အပြင်သို့ကူညီကယ်ထုတ်ပေးခဲ့ကြသည်။

ကယ်ထုတ်ပေးမှုများပြုလုပ်ပြီးနောက် ယာဥ်ပေါ်တွင်အသင့်ပါလာသော အခြေခံဆေးဝါးများဖြင့် ကျန်းမာရေးပြုစုခြင်းများပြုလုပ်ပေးခဲ့ကြသဖြင့် ခရီးသည်(၁၇)ဦးလုံးမှာ ‌သေဆုံးမှုမရှိခဲ့ဘဲ ထိခိုက်ဒဏ်ရာရသူအနည်းငယ်သာရှိခဲ့သည်။

ထို့ကြောင့် Telematic Control Center မှ တာဝန်ရှိသူများက ကူညီပေးခဲ့ကြသော Elite Express ဝန်ထမ်းများအား မှတ်တမ်းတင်ဂုဏ်ပြုလွှာများပေးအပ်ခဲ့ကြသည်။

Source: Popular Myanmar