ဇွန်လ ၂၁ ရက်တွင် ထိုင်းသံရုံးမှကြီးမှူးကာ မြန်မာနိုင်ငံရဲ့အကြီးဆုံးသော ထိုင်းသီချင်းဆိုပြိုင်ပွဲကြီး T-Pop Star Challenge Myanmar Season 2 ၏ Semi Final နှင့် ထိုင်းရိုးရာအစားအစာနှင့် ထိုင်းရိုးရာပစ္စည်းများ ခင်းကျင်းပြသရောင်းချခြင်းတို့ကို ရန်ကုန်မြို့ရှိ Novotel Yangon Max Hotel တွင် ကျင်းပခဲ့သည်။အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E Mr. Mongkol Visitstump နှင့် ဖိတ်ကြားထားသော ထိုင်းနိုင်ငံမှ နာမည်ကြီး အနုပညာရှင်များဖြစ်သည့် Film Thanapat ၊ Perth TanponTanpon ၊ Santa Pongsapak တို့ တက်ရောက်ခဲ့သည်။အခမ်းအနားတွင် ဦးစွာ ထိုင်းသံအမတ်ကြီးမှ နှုတ်ခွန်းဆက်စကားပြောကြားပြီးနောက်၊ ထိုင်းမင်းသား Film Thanapat နှင့် တွေ့ဆုံမေးမြန်းခြင်း၊ Thai Festival 2025 in Yangon ဖွင့်ပွဲအခမ်းအနားပြီးနောက် ထိုင်းရိုးရာအကများနဲ့ ဖျော်ဖြေတင်ဆက်ခဲ့သည်။ထို့ေနာက် T-Pop Star Challenge Myanmar Season 2 Semi-Finalist (၈)ယောက်၏ ယှဉ်ပြိုင်မှုအပြီးတွင် T-POP Star Challenge Season 1 (2024) Winner Baron Hayne မှ ဖျော်ဖြေခဲ့ကာ ထိုင်းနာမည်ကြီးအနုပညာရှင်များဖြစ်သည့် Perth-Santa ၊ Num Kala တို့မှ ပရိသတ်များကို ဖျော်ဖြေတင်ဆက်ခဲ့သည်။T-Pop Star Challenge Myanmar Season 2 တွင် ဒိုင်အဖြစ် ထိုင်းနိုင်ငံမှ Dome Jaruwat, Gam Wichayanee, Num Kala တို့အပြင် Special Guest အဖြစ် Perth-Santa, Film Thanapat တို့မှ Semi-Finalists (၈) ဦးအား အကဲဖြတ်အမှတ်ပေးခဲ့ပြီးနောက် T-POP Star Challenge Myanmar Season 2 ရဲ့ Finalists (၃) ဉီးမှာ T3 Naw Sydney, T4 Zea, T8 Chris တို့ဖြစ်သည်။T-POP Star Challenge Myanmar Season 2 Final အား ဇွန်လ ၂၂ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်သည်။Thai Festival 2025 in Yangon ပွဲတော်ကြီး၌ ထိုင်းအစားအစာများနှင့် အဖျော်ရည်များ၊ အလှကုန်ပစ္စည်းများနှင့် ဖက်ရှင်များ၊ ခရီးသွားဝန်ဆောင်မှုများ၊ ဆက်သွယ်ရေးဝန်ဆောင်မှုများ၊ ကျန်းမာရေးဆိုင်ရာ ရရှိနိုင်မည့် Package များနှင့် ထိုင်းအနုပညာဆိုင်ရာပစ္စည်းများကို ဆိုင်ခန်းပေါင်း (၆၀) ဝန်းကျင်ဖြင့် ခင်းကျင်းပြသထားသည်။Popular Myanmar
Sun, 22-Jun-2025