ပိုမိုလုံခြုံမှုရှိပြီး လိမ်ညာခံရမယ့်ဘေးကနေပါကင်းဝေးစေမယ့် Google ရဲ့ Android 16

News Image

  • ပိုမိုလုံခြုံမှုရှိပြီး လိမ်ညာခံရမယ့်ဘေးကနေပါကင်းဝေးစေမယ့် Google ရဲ့ Android 16

Google ကုမ္ပဏီက Android 16 ကို လာမယ့်လမှာထုတ်ပေးသွားဖို့ရှိနေပါတယ်။ ဒီတစ်ခေါက်ထုတ်ပေးမယ့် Android 16 မှာတော့ Advanced Protection Program လည်းပါဝင်မှာပါ။ ဒါကြောင့် Android 16 မှာပိုမိုမြင့်မားတဲ့ လုံခြုံရေး လုပ်ဆောင်ချက်တွေပါဝင်လာမယ်လို့ ဆိုပါတယ်။

Google အနေနဲ့ အခုလိုမျိုး Advanced Protection Program ကိုဖော်ဆောင်ရတဲ့ရည်ရွယ်ချက်က Android စနစ်ရဲ့လုံခြုံရေးစနစ်ကို ပိုမိုမြှင့်တင်နိုင်စေဖို့နဲ့ Android ဖုန်းအသုံးပြုသူတွေ အနေနဲ့ လူလိမ်လူညာတွေဘေးကနေ ကင်းဝေးစေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် သတင်းထောက်တွေလို၊ အဆင့်မြင့်အရာရှိတွေလိုမျိုး ဖုန်းမှတစ်ဆင့်တိုက် ခိုက်ခြင်းခံရနိုင်ခြေများတဲ့ သူတွေရဲ့လုံခြုံရေးကို မြှင့်တင်ပေးဖို့ လုပ်ဆောင်တာဖြစ်တယ်လို့ Google ကထုတ်ပြန်ထားပါတယ်။

ဒီစနစ်မှာပါဝင်တဲ့ အကောင်းဆုံးသော အပိုင်းက အဲဒီစနစ်ကြီးတစ်ခုလုံးပါပဲ။ ဘာကြောင့်လဲဆိုရင် Advanced Protection ကို စတင်အသုံးပြုလိုက်ပြီ ဆိုတာနဲ့ လုံခြုံရေး လုပ်ဆောင်ချက်တွေက စတင်အသက်ဝင် သွားတာကြောင့်ပါပဲ။ ဒီလိုမျိုးလုံခြုံရေး လုပ်ဆောင်ချက်စတင် အသက်ဝင်နိုင်စေဖို့အတွက် ခလုတ်လေးတစ်ခုကို နှိပ်လိုက်ရုံပဲလို့ဆိုပါတယ်။

ဒါပေမဲ့ ဒီစနစ်ကိုပိတ်ဖို့ ဆိုရင်တော့ တော်ရုံတန်ရုံပိတ်လို့ မရပါဘူး။ အသုံးပြုသူရဲ့ လျှို့ဝှက်နံပါတ်တွေလိုမျိုး လုံခြုံမှုအဆင့်အတန်းရှိတဲ့ အရာတွေကို လုပ်ဆောင်မှသာ ရမှာဖြစ်ပါတယ်။ ဒီအတွက် Google က အဆင့်မြှင့်တင် ထားတဲ့ AI နည်းပညာကိုတွဲဖက် အသုံးပြုသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

Source: https://myawady.net.mm/