အစိုးရရုံးများအနေဖြင့် ပြည်တွင်းဖြစ် EV များ ဝယ်ယူရန် တရုတ်ညွှန်ကြား
ဝန်ကြီးဌာနများ အပါအဝင် အစိုးရရုံးများအနေဖြင့် ပြည်တွင်းဖြစ် EV များကိုသာ ပိုမိုဝယ်ယူရန် တရုတ်အစိုးရကညွှန် ကြားလိုက်ကြောင်း နိုင်ငံပိုင်သတင်းဌာနတစ်ခုက မေလ ၁၈ ရက်တွင် ဖော်ပြထားသည်။
အချိန်ကာလနှင့် အရေအတွက်တို့ကိုမူ အတိအကျပြောထားခြင်း မရှိသော်လည်း အစိုးရက ပြည်တွင်းဖြစ် EV ကားများကို ပိုမိုထောက်ခံမှုပြသသည့်အနေဖြင့် ယခုညွှန်ကြားချက်ကို ထုတ်ပြန်လာခြင်းဖြစ်သောကြောင့် အခြားသူများကလည်း ပြည်တွင်းဖြစ် EV များကို ပိုမိုဝယ်ယူလာနိုင်ဖွယ်ရှိကြောင်း တရုတ်ခရီးသည်တင်ကားအဖွဲ့အစည်းမှ အထွေထွေ အတွင်းရေးမှူး ကွီတုန်းရှူ ကပြောထားသည်။
၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် အစိုးရရုံးအဖွဲ့များ အနေဖြင့် ယွမ် ၁၈၀၀၀၀ အောက်ရှိ EV ကားများကို ဝယ်ယူရန်နှင့် နှစ်စဉ်ဝယ်ယူမှုအားသည် တစ်နှစ်တာလုံး ရောင်းအား၏ ၃၀ ရာခိုင်နှုန်းရှိရမည်ဖြစ်ကြောင်း အစိုးရရုံးများ အုပ်ချုပ်မှုအဖွဲ့နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့က ထုတ်ပြန်ထားကြောင်း သိရသည်။
Source: https://myawady.net.mm/