အမေရိကန်ပြည်ထောင်စုတွင် လေဆင်နှာမောင်းတိုက်ခတ်မှုများကြောင့် လူပေါင်းဒါဇင်နှင့်ချီ သေဆုံး
လွန်ခဲ့သည့်သီတင်းပတ် စနေ (မေ ၁၇) နှင့် တနင်္ဂနွေနေ့ (မေ ၁၈) များတွင် အမေရိကန်၏ပြည်နယ်များစွာ၌ တိုက်ခတ်ခဲ့သော လေဆင်နှာမောင်းများကြောင့် လူပေါင်းဒါဇင်နှင့်ချီ သေဆုံးကာ အမြောက်အမြား ဒဏ်ရာရရှိခဲ့သည်။
ဒေသအာဏာပိုင်များ၏ထုတ်ပြန်ချက်အရ သောကြာနေ့ (မေ ၁၆) မှ စတင်၍ Midwest နှင့် Mid-Atlantic ဒေသများကို တိုက်ခတ်ခဲ့သော ကြီးမားသည့်မုန်တိုင်းကြောင့် Kentucky၊ Missouri၊ Virginia နှင့် Indiana ပြည်နယ်များတွင် အနည်းဆုံး လူ ၂၉ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာ ရသူအများအပြား ရှိခဲ့ကြောင်း သတင်းများထွက်ပေါ်နေသည်။
Kentucky ပြည်နယ်အုပ်ချုပ်ရေးမှူး Andy Beshear က တနင်္ဂနွေနေ့ (မေ ၁၈) တွင် X (Twitter) ၌ "Russell County မှ အမျိုးသမီးကြီး ၁ ဦး ထပ်မံသေဆုံးမှုဖြင့် ပြင်းထန်သောရာသီဥတုကြောင့် သေဆုံးသူ အရေအတွက် ၁၉ ဦးအထိ တိုးလာခဲ့ပြီ" ဟု ရေးသားခဲ့သည်။ ၎င်းက မုန်တိုင်းကြောင့် ဒဏ်ရာရသူအနည်းဆုံး ၃ ဦးသည် အရေးပေါ် အခြေ အနေတွင် ရှိနေဆဲဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂