ထိုင်းသစ်သီးထုတ်လုပ်သူများ K-Pop ကြယ်ပွင့် Lisa အား ကမ္ဘာလုံးဆိုင်ရာ ထိုင်းသစ်သီးများ မြှင့်တင်ရေးလှုပ်ရှားမှုတွင် ပါဝင်စေရန် ဝန်ကြီးချုပ်အား တောင်းဆို

News Image

  • ထိုင်းသစ်သီးထုတ်လုပ်သူများ K-Pop ကြယ်ပွင့် Lisa အား ကမ္ဘာလုံး ဆိုင်ရာ ထိုင်းသစ်သီးများ မြှင့်တင်ရေးလှုပ်ရှားမှုတွင် ပါဝင်စေရန် ဝန်ကြီးချုပ် အား တောင်းဆို

ထိုင်းနိုင်ငံ၏ သစ်သီးထုတ်လုပ်သူများအသင်းက ဝန်ကြီးချုပ် Paetongtarn Shinawatra အား K-Pop ကြယ်ပွင့် Lisa (လီဆာ) ကို ဖိတ်ကြား၍ ထိုင်းသစ်သီးများ၏ ကမ္ဘာလုံးဆိုင်ရာဈေးကွက်ချဲ့ထွင်ရေး လှုပ်ရှားမှုကို ဦးဆောင်စေရန် တောင်းဆိုလိုက်သည်။

ဘန်ကောက်ပို့စ် ၏ ဖော်ပြချက်အရ သစ်သီးထုတ်လုပ်သူများအသင်းက Lisa ၏ ကမ္ဘာကျော် ကျော်ကြားမှုသည် ထိုင်း၏သစ်သီးတင်ပို့မှုအတွက် အထူးသဖြင့် တရုတ်မှလွဲ၍ အခြားဈေးကွက်သစ်များကို ဖွင့်ပေးနိုင်မည် ဟု ဝန်ကြီးချုပ်အား စနေနေ့ (မေ ၁၇) က Chanthaburi ခရိုင်သို့ သွားရောက်စဉ် ပြောကြားခဲ့သည်။

ထို့အပြင် အစိုးရ၏အပြည့်အဝထောက်ပံ့မှုဖြင့် ထိုင်း၏သစ်သီးတင်ပို့မှုမှ နှစ်စဉ် THB ဘီလီယံ ၅၀၀ (US$၁၅ ဘီလီယံ) အထိ ဝင်ငွေရရှိနိုင်မည်ဟုဆိုသည်။ လက်ရှိတွင် THB ဘီလီယံ ၂၀၀-၃၀၀ သာရရှိနေသည်။

Lisa (၂၈ နှစ်) သည် ၂၀၁၆ ခုနှစ်တွင် Blackpink အဖွဲ့နှင့် စတင်အောင်မြင်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် "Lalisa" အယ်လ်ဘမ်ဖြင့် တစ်ကိုယ်တော် လမ်းကြောင်းကို စတင်ခဲ့သည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက -၂